Page:နန္ဒီသေနပျို့.pdf/29

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၆
လက်ဝဲသုန္ဒရ
 

၆၁။။ တောကျောင်း ဗိမာန်၊ ချမ်းရပ်ဌာန်သို့၊ နန္ဒီသေန၊ ရောက်လာလျှင်၊ မတ်များ မြင့်မို၊ လျှောက်,ဆို စေ့ ငု၊ “ယခု ထင်ရှား၊ မင်းနှစ်ပါးတို့၊ ထောင်အား ကြိုးကြိုး၊ စစ်မက်ထိုးသော်၊ တန်ခိုး ဖုန်းပြိုင်၊ ဘယ်မင်းနိုင်အံ့။ ဦးကိုင်ထွတ်တင်၊ မိန့်စေချင်”ဟု၊ သို့လျှင် သံညောင်း၊ လျှောက်တုံ ရှောင်းသော်[1]၊ အလောင်း ပွင့်လျာ၊ သူမြတ်စွာလည်း၊ “မရာ,အမှု၊ ဘဇာ ပြုအံ့[2]။ မင်းမှု,စိုးရေး၊ မမေးသာပဲ၊ သူဆင်းရဲမှာ၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။ လုပ်နက် ယာ,လယ်၊ ကုန်စယ် ရှာဖွေ၊ ကြိုးပမ်းလေ” ဟု၊ ကျောင်းနေ သခင်၊ မိန့်ရာတွင်နှိုက်၊ “အရှင် ဖုရား၊ ဆင်းရဲသားမူ၊ တိုင်းကား,ပြည်ရွာ၊ စစ်ငြိမ်းပါမှ၊ ချမ်းသာရအံ့။ ယူဆ၍ ပင်၊ သိပါချင်”ဟု၊ သံလွင် တုံ့ခေါက်၊ ဆယ်စုံမြှောက်၍၊၊ ရုပ်ဖျောက်, စမ်းကာ မေးသတည်း။

၆၂။။ ဤသို့လျှောက်ခါ၊ “ရေးရာ စိစိ၊ ငါမသိတည့်။ ဂီရိ သာခေါင်၊ ရွှေတောင် ငွါးငွါး၊ မြင့်မိုဖျားက၊ သိကြား ငါ့မှာ၊ ဆည်းကပ်လှာ၏။ ကြောင်းရာ ဆွေးနွေး၊ ရှုံး,နိုင်ရေးကို၊ ငါမေးဦးမည်၊ တခေါက်လည်၍၊ ရိပ်ခြည် သိလို၊ ကျောင်းကို လာမှ၊ ကြားနာရအံ့”။ မြွက်ဟသော့ခါ၊ မတ်မဟာသည်၊၊ ဝမ်းသာ,စိတ်ကြည် အေးသတည်း။

၆၃။။ နန္ဒီသေန၊ မတ်လှ တုံ့ခေါက်၊ ပြန်သည့်နောက်ဝယ်၊ ရွှေမှောက် သိကြား၊ ရောက်လှာငြား၍၊ မြတ်ဖျား ဆရာ၊ မေးသည်မှာကား၊ “ဝှန်ဝါ ရိုက်ထိန့်၊ ကျော်သံအိန့်မျှ၊ ဝတိန့် အထွတ်၊ တန်ခိုးလွှတ်၍၊ တမွတ် အခေါင်၊ မုနောဆောင်လျက်၊ တောင်မေရုရ၊ စိုးပိုင်သသည်၊ သာသန ဒါယကာ၊ နတ်ဒေဝါ။။ အာဏာပြိုင်တုန်း၊ ဖုန်းလည်းပြိုင်ကိုး၊ တန်ခိုး ပြိုင်ကြ၊ အဿက နှင့်၊ ကလိင်္ဂမင်း၊ စစ်ဖြစ်ခြင်းကား၊ ဆင်,မြင်း,ရထား၊ လေးပါး စစ်အင်၊ အားပြချင်လည်း[3]၊ ဘယ်တွင် စစ်မက်၊ မထွက် မမြော်၊ မပေါ် လှာပဲ၊ စစ်ပွဲ မစည်၊ နေရသည် ဟု၊ မကြည်,မလင်၊ မရွှင်,မပြုံး၊ နှလုံး မာန်ရှိန်၊ ပြင်းလောင်ထိန်လျက်၊ ကလိင်္ဂရာဇ်၊ ထိုမင်းစစ်သည်၊ စစ်ယစ်သော့အား[4]၊ ရထား လေးစီး၊ ဆောင်ယောင်ပြီးမှ၊ သမီး လေးပါး၊


  1. ဦးတင် သံညောင်း၊ ထုံးလျှောက်ရှောင်းသော် (မြန်)
  2. အရာ အမှု၊ ဘယ်စာပြုအံ့ (မြန်)
  3. အားပြကျင်လည်း (မြန်)
  4. စိတ်ညစ်သောအား (မန်း)၊ စစ်ညှစ်သောအား (မြန်)