Page:နန္ဒီသေနပျို့.pdf/24

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၁
နန္ဒီသေနပျို့
 

သူ့ရန် နီးက၊ ကင်းဆီး တိုစေ၊ ရန်ဝေးလေမူ၊ ကင်းနေ ကင်းသား၊ ကင်းရှည်ထားလော့။ စကား နှုတ်ပေါက်၊ ရှိတိုင်းဖေါက်၍[1]၊ တယောက်တခွန်း၊ အစွန်းအနား၊ ကွဲပြား ထွေထွေ၊ မများစေနှင့်[2]။ မင်းဧကရာဇ်၊ အရေး ဖြစ်၍၊ စစ်အုပ် စစ်ကြပ်၊ ခန့်အပ်သည့်တိုင်း၊ မဆိုင်း တည်တံ့၊ ကြံ့ကြံ့,ခိုင်ခိုင်၊ အုပ်နက်ဆိုင်ကို၊၊ ပိုင်ပိုင်,ထုံးပြ ကြပ်စေတည်း။

၄၆။။ “အမြောက် သေနတ်၊ စွဲမှတ် လှံ,ဓား၊ လေး,မြား ခပင်း၊ ဆင်,မြင်း ကြိုး,လွန်၊ သံချွန်,မယ်န၊ ဓားမ,ပေါက်ဆိန်၊ အချိန် ရေတွက်၊ ရဲမက် လူသူ၊ မေးမြူ စိစစ်၊ မလစ်,မဟင်း၊ ခန့်ထားရင်းက၊ မယွင်း စုံလင်[3]၊ မြင်း,ဆင် ခပဲ၊ ကြိုးလွန်ဆွဲလည်း၊ မြဲမြဲ မြံမြံ၊ ဓား,လှံ ကိုယ်ပါး၊ မပြတ်ထား၍၊ နိုးကြားကြစေ၊ အနေ,အသွား၊ အထား,အသို၊ အခို,အရပ်၊ တတပ်က ပေါင်း၊ တတပ် ပြောင်းလည်း[4]၊ အကြောင်းစေ့ ငု၊ လုံ့လပြု၍၊ ညဉ့်မှု,နေရာ၊ မြဲစွာလုံခြုံ၊ ကြစေတုံလော့။ တပ်ပုံ,တပ်တာ၊ တပ်ခါ,တပ်သွား၊ တပ်နား,တပ်နေ၊ မှန်စေအသင့်၊ မှတ်စာနှင့်တည့်။ အခွင့်ရေးပိုင်[5]၊ အဆိုင်ဆိုင်ကို၊၊ မြိုင်မြိုင်,ရုံးချ ရပ်နေတည်း။

၄၇။။ “ဘိန်း,ဘင်း ကဇော်၊ လှော်ဇာ ခေါင်သက်၊ အရက်တတည်၊ ထန်းရည် စိမ်ဆေး[6]၊ ဆိုရေးများစွာ၊ သုရာမေရယ၊ ယစ်ဝသေစာ၊ ကျင့်ယုတ်မာကို၊ ဆိုင်ရာ ကံမြစ်[7]၊ စစ်စစ် ကြောကြော၊ ပြော,ဟော ပြသ၊ နေ့,ည စည်းရုံး၊ ရဲမက်လုံးကို၊၊ မသုံး,မစွဲ ကြစေနှင့်။

၄၈။။ “တိုက်လည်း ဖြိုးဖြိုး၊ ထိုးလည်း ရုတ်ရုတ်၊ ဆုတ်လည်း ညီညီ၊ ချီလည်း ကြွကြွ၊ ချလည်း ကြပ်ကြပ်၊ ရပ်လည်း မှန်မှန်၊ ပြန်လည်း စိုက်စိုက်၊ စစ်တိုက်ပီပီ၊ စစ်ချီ,စစ်သွား၊ ဖြစ်သောအားကြောင့်၊ ထူးပြားမစိုး၊ မညှိုးမနွမ်း၊ တဝမ်းတည်းဖွား၊ လူ့အလားသို့၊ တပါးမရွယ်[8]၊ ဥပါယ် မခို၊ မယို မဖိတ်၊ တစိတ်တည်း ကျုံး၊ တချာ ရုံး၍၊၊နှလုံး,မကွဲ ကြစေနှင့်။


  1. ရှိတိုင်းကောက်၍ (မန်း)
  2. မပြားစေနှင့် (မြန်)
  3. မယွင်းစုံလင် (ဦး-မူတွင် မပါ)
  4. တတပ်ကပြောင်း၊ တတပ်ပေါင်းလည်း (မြန်)
  5. အခွင့်ရန်ပိုင် (ဦး, မန်း)၊ အခွင့်ရပိုင် (မြန်)
  6. ထန်းရည် ပင်ဆေး (ဦး)၊
    ထန်းရည် ဘင်းဆေး (မန်း)
  7. ဆိုင်ရာက မြစ်(ဦး)
  8. တပါးတည်း ရွယ် (ဦး)