Page:နန္ဒီသေနပျို့.pdf/23

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၀
လက်ဝဲသုန္ဒရ
 

ကြော်ကြွေး၊ အောင်စည်ပေး၍၊ အောင်ရေး သေခွေ၊ နိမိတ်ဝေသည်၊၊ အောင်မြေ,အောင်တပ် နင်းသည်တည်း။

၄၃။။ တပ်တော်ချီမြောက်[1]၊ အောင်တပ်ရောက်က၊ ဝှန်ချောက်ကျော်ချီး၊ အမတ်ကြီးလျှင်၊ ထုံးတီး,နည်းနာ၊ အဖြာဖြာဖြင့်၊ ဗိုလ်ပါ အများ၊ ကြီးထုအားကို[2]၊ ခန့်ထား,ဆုံးမ ဆိုလတည်း။

၄၄။။ “အတပ်တပ်တွင်၊ ကြီးကြပ် အမြဲ၊ စစ်ကဲ,နာခံ၊ ကောင်းကြံ အထူး၊ တပ်မှူး,တပ်ချုပ်၊ တပ်အုပ်,တပ်ခေါင်း၊ တပ်ပေါင်း ရှာရွေး၊ စာရေး,စာချီ၊ ကိုယ်စီ,ကိုယ်င၊ စံပ ခင်းကျင်း၊ စာရင်းတော်ယူ၊ ခန့်တော်မူ၍၊ မြှေးမြူ မပြွမ်း၊ စိတ်သာဝမ်းဖြင့်၊ မှုထမ်းကြမည်၊ အားသံရည်သည်၊ စစ်သည်တော်ပေါင်း၊ သူရဲကောင်းတို့၊၊ အကြောင်း ဆွေးနွေး၊ နာဘိသေးလော့။ မြို့ကျေး ရွာသီး၊ ခရီးတခွင်၊ ဥစ္စာရှင်က[3]၊ ကြည်လင် မြတ်လေး၊ မပေး မစွန့်၊ သစ်ညွန့် တခက်၊ ဟင်းရွက် တနွယ်၊ သက်ကယ် တပျစ်၊ ဝါးတဆစ်မျှ၊ သူ့ပစ္စည်းအား၊ မပြစ်မှားနှင့်။ လမ်းသွား,လမ်းကူး၊ တပ်တော်ဦးသို့၊ ဟင်းခူး,ထင်းခွေ၊ မိုး,ရေ ခပ်,ငင်၊ မြင်း,ဆင် ထိန်း, ကျောင်း၊ မပြောင်း မထွက်၊ အသက် အသံ၊ ဆိတ်ညံကြစေ၊ သေခွေ ပတ် ချုပ်၊ ဆိုင်ရာ အုပ်လျက်၊ မလှုပ် မယိုင်၊ စိတ်ကြံ့ခိုင်၍၊၊ နိုင်နိုင်,ဆုံးမ ကွပ်လေတည်း။

၄၅။။ “ယနေ့မှစ၊ တပ်ချသော့ခါ၊ တပ်တောင်တာကို၊ သေချာကိစ္စ၊ လုပ်ပြီးမှလျှင်၊ ကြိုး,က တန်ဆာ၊ မြင်းမှ ကွာစေ[4]၊ ရေးရာ ပြွမ်းပြွမ်း၊ စိတ်သာဝမ်းဖြင့်၊ ထုံးတမ်း နှိုင်းရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ အလှည့် သင့်ငြား၊ ကင်းစောင့် ထားမူ[5]၊ ကင်းသား ကင်းစေ၊ ကင်းနေ မမြဲ၊ အစွဲ မငြိမ်၊ သုံးကြိမ် ပြောင်းလွှဲ၊ သုံးကွဲ နေရာ၊ သုံးခါလဲ၍၊ သုံးလည်ရွေ့မှ[6]၊ စေ့စေ့ငုငု၊ သုံးထွေပြုလျက်၊ သုံးစု ထားသော်၊ အရေးတော်အောင်[7]၊ စုတ်ခေါ်သံကြား၊ မပါး မထူ၊ ကင်းသားလူနှင့်၊ တစုမူ ဆူး၊ ကင်းဦးကား မီး၊ ရှေ့က ဆီးလော့။ ရန်နီး ရန်ဝေး၊ အရေး ကြောင်းလမ်း၊ စူးစမ်း သိပြီး၊


  1. တပ်တော်ချမြောက် (မြန်, ဟံ)
  2. ကြီးသူအားကို (ဦး)
  3. ဦးစွာရှင်က (မြန်)
  4. မြင်းက ကွာစေ (မြန်)
  5. ကင်းစောင့်ထားမှ (ဦး)
  6. သုံးလည်ရွှေ့မှ (ဦး,မြန်-တွင်မပါ)
  7. အရေးတော်အောင် (ဦး,မြန်-တွင်မပါ)