Page:နန္ဒီသေနပျို့.pdf/22

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၉
နန္ဒီသေနပျို့
 

ပြီးမှ၊ ကောင်းချီး ကျော်ညီ[1]၊ တပ်တော်ချီအံ့။ အစီ,အရင်၊ မြင်း,ဆင် အများ၊ ရထား တတည်၊ ခြေသည် ရဲမက်[2]၊ လက်နက် ဓား,လှံ၊ ဝန်းရံ လှည့်ပတ်၊ သေနတ် အမြောက်၊ ရှေ့,နောက် နေမြဲ၊ လက်ဝဲ နေရာ၊ လက်ယာ နေတုံး၊ ရုံးရုံး စည်းစည်း[3]၊ ထားကမ္ဗည်းဖြင့်၊ အုန်းလည်း ညွန့်ပေါ်၊ ကံ့ကော် ညွန့်ဖြာ၊ နေဇာ ညွန့်ထွား၊ ချရား ညွန့်ဝေ၊ သပြေ, သီး, ဒန်း၊ ညွှန့်လန်းလန်းတည့်။ ပန်း ခုနစ်မြိတ်၊ ပရိတ်တော် ရေ၊ ငှဝေ, ပန်ဆင်၊ နိမိတ်ငင်လျက်၊ ရက်,မင်္ဂလာ၊ အောင်ခါထုံးစံ၊ အောင်သံ ကြွေးကြော်၊ ပေါင်းညှိဆော်သည်၊၊ တပ်တော်,ချီအံ့ ခင်းသည်တည်း။

၄၁။။ ဧရာဝဏ်ဟု၊ စွယ်ချွန် မြမြ၊ ဆင်နာဂထက်၊ မာဃ ရွှေမှောက်၊ မြင့်မိုညှောက်မှ၊ တောက်သည့်မီးတူ၊ ဖုန်းညွန့်လူလျက်[4]၊ ရန် အသူရာ၊ တိုက်ဖက်ရှာသို့၊ ရတနာ မာတင်၊ မုန်ကျော်ဆင်ထက်၊ သက်တင်ယိုးနီး[5]၊ ကိုယ်တော် စီး၍၊ ကြီးကြီး,ငယ်ငယ်၊ ရွယ်ရွယ်,လတ်လတ်၊ မှူး နှင့် မတ်တို့၊ လျောက်ပတ်သင့်စွာ၊ ဗိုလ်ပါ,ရဲမက်၊ ဝန်းရှက် အပြည့်၊ ခြံရံ လှည့်လျက်၊ မင်း၏ ကြက်သရေ၊ တိုးတက်ထွေသည်၊၊ တက်နေ,ရောင်သို့ လင်းသည်တည်း။

၄၂။။ ဂဏန်း ထူးခြား၊ ဟူးရားသည်လည်း၊ စနည်း အခေါင်၊ တပေါင် သိုက်ညီ၊ တပ်တော်ချီက၊ နန္ဒီသေန၊ မတ်လှ ကျော်ခေါင်၊ မတ်များနောင်လျှင်[6]၊ ဆောင်ယောင် တင့်တယ်၊ နောက်တော် ဆွယ်လျက်၊ မိုးလယ် ရှက်ကူး၊ လ ထွန်းမြူးသော်[7]၊ သောက်ရှူးကြယ်ရောင်၊ ကြယ်များဘောင်တွင်၊ အခေါင်စံထိ[8]၊ နှိုင်းတရှိလျှင်၊ မတ်ကြီးဖွယ်ရာ၊ လက္ခဏာဖြင့်၊ အင်္ဂါ ဆန်းကြယ်၊ ဗိုလ်များ လယ်နှိုက်၊ တင့်တယ် စမှတ်၊ ထူးလျောက်ပတ်၍၊ အမတ် နှင့် မင်း၊ တော်လေခြင်းဟု၊ ပြောတင်း,ပြောပ၊ ပြောကြ ကိုယ်စီ၊ လက်အုပ် ချီလျက်၊ အောင်ပြီ သေခွေ၊ ကြားလွယ်စေဟု၊ ညောင်ရေ သွန်းလောင်း၊ ဆုတောင်း ဆုယူ၊ ရွှေပြည်သူတို့၊ တူရူ ဦးခိုက်၊ မြှောက်ကြ လိုက်၏။ ထောင် , စိုက် အောင်လံ၊ မိုးဖျား လျှံ မျှ၊ အောင်သံ


  1. ကောင်းချီး ကျော်ညီ (မန်း)၊
    ကျော်ချီး ကျော်ညီ (ဦး)
  2. နေသည် ရဲဘက် (မန်း)
  3. လက်ရုံး စည်းစည်း (မန်း)
  4. ဖုန်းညွန့်လူလျှင် (ဦး)
  5. သက်တင်ရိုးနီး (မန်း)
  6. မတ်များ နောင်လည်း
    (ဦး, မန်း, ဟံ)
  7. လ ကွန့်မြူးသော် (ဆုံ)
  8. အခေါင်စံသိ (မြန်)