Page:နန္ဒီသေနပျို့.pdf/21

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၈
လက်ဝဲသုန္ဒရ
 

၃၆။။ “ ပကတူးလျှင်၊ လက်ဦး ယခု၊ စစ်ရေးပြု၍၊ ရဲစု,ရဲခွင့်၊ ရဲသင့်,ရဲချိန်၊ ရဲရှိန်,ပြင်းထန်၊ ရဲသန်,ရဲတုန်း၊ ရဲဘက်ဟုန်းလည်း၊ ပြိုင်နှုန်း မတန်၊ ပေါက်ကျော် မြန်သို့၊ ရဲမာန် ရဲသစ်၊ ထွက်စ ဖြစ်၍၊ ပေါင်းစစ်သည် ပုံ၊ ရဲခုံ တည်ပ၊ ရဲစ ရှိခိုက်၊ လုပ်ကြံလိုက်က၊ မြိုက်မြိုက် ကျေမွ၊ ချက်ခြင်း ရလိမ့်။ နေ့ , လ ကြာဝေး၊ တာရှည် သွေး၍၊၊ အရေး, စောင့်တော် မမူနှင့်။။”

၃၇။။ နန္ဒီသေန၊ မတ်လှ ကျော်ချီး၊ မတ်ခေါင်ကြီးက၊ ထုံးမှီး စကား၊ လျှောက်သည်များကို၊ ရွှေနား ညွှတ်ယူ၊ ကြည်ဖြူ မြတ်လေး၊ အခွင့်ပေး၍၊ “အရေးနှင့်စပ်၊ သင့်ကိုအပ်၏။ ကြပ်ကြပ်,စိစိ၊ စီရင်ဘိ”ဟု၊ ဓိပတိ မင်းကျော်၊ နှင်းလသော်လျှင်၊ ထင်ပေါ် တေဇ၊ ကလိင်္ဂသို့၊ ချမ်းမြ, သာကြည်၊ စေလိုက်သည်ကား၊ “နှစ်ပြည် အကြား၊ မြို့ရွာများက၊ ရထား ဆင်,မြင်း၊ ကျွန်,သင်း ဗိုလ်ခြေ၊ အုပ်တွေ အသင့်၊ နေပါနှင့်တော့။ ရက်မြင့် မကွာ၊ ရှည်ကြာ မငံ့၊ ချီလာအံ့” ဟု၊ ချိုပျံ့ နာသာ[1]၊ အရာရာကို ၊၊ မှာစာ,တန်တား စေသတည်း။

၃၈။။တိုင်း ကလိင်္ဂ၊ ပိုင်သ,အုပ်စိုး၊ ထွတ်နန်းရိုးကား၊ စစ်ထိုး ချင်စွာ၊ ဝါသနာကြောင့်၊ မှာစာ တန်တား၊ ရောက်သည်များကို၊ ကြား,က ဟုံးစုံး၊ လက်ရုံးတန်းဆိုင်၊ “ စစ်ပြိုင်ဘက် မျှော်၊ နေပါသော်လည်း၊ ပြိုင်ဘော် ထွက်ခဲ၊ ကြာမြင့်မြဲ၏။ စစ်ပွဲ မရှည်၊ တွေ့တော့မည် ”ဟု၊ သံရည် ကြွားကြွား၊ ပြော,ကြုံးဝါး၍၊ ပိုင်းခြား မြေစပ်၊ သူ့တိုင်းရပ်သို့၊ ရှေ့တပ်ချီသွား၊ ရဲမက်များကို၊ ဆီးတား သိမ်းခေါ်၊ ဆိုင်ရာ ဆော်၍၊၊ တပ်တော်,သိမ်းရုံး လေသတည်း။

၃၉။။ “နှစ်ပြည် အကြား၊ နိုင်ငံများတွင်၊ နှစ်ပါးမင်း ကို၊ နှစ်ဗိုလ် ဆိုင်ရပ်၊ နှစ်တပ် ပေါင်းဆိုင်၊ နှစ်ဦး ပြိုင်အံ့။ သူ့ နိုင်ငံတွင်း၊ မချင်းနင်းနှင့်။ ဆင်,မြင်း ရထား၊ ရဲမက်များကို၊ ပိုက်ဖြား ဖြည့်တင်း၊ ဆုံးမခြင်းဖြင့်၊ မယွင်း မခွ၊ စီရင်ကြ”ဟု၊ ပြသ သေချာ၊ အကြပ် မှာလျက်၊ အောင်ခါနီးပြီ၊ သောသော ညီ၍[2]၊ မချီ,ဆိုင်းငံ့ နေသတည်း။

၄၀။။ အဿကရာဇာ၊ စောမဟာလည်း၊ ရတနာ သုံးပါး၊ ရိုညွတ် တွားလျက်၊ ဆ,ပွါး လေးမြတ်၊ ပြည်စောင့်နတ်အား၊ စွဲမှတ် သီးသီး၊ ပူဇော်


  1. ချိုပျံ့ သာယာ (ဟံ)
  2. သောင်းသောင်း ညီ၍ (မန်း, ဟံ)