Page:နန္ဒီသေနပျို့.pdf/18

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၅
နန္ဒီသေနပျို့
 

ရေယဉ်ပြေးသို့၊ အရေးထောက်ဆ၊ တပ်မ မကွဲ၊ နောက်က ကဲလျက်၊ တိုက် ပွဲ စစ်ဆင်၊ ရေယဉ်သွင်သည်၊ ၊ စစ်အင်,စစ်မှု ခြောက်ပါးတည်း။

၂၉။။ “ တနည်း စစ်ထိုး၊ ထုံးရိုး စိုက်စိုက်၊ ဆင်သိမ်းပိုက်အံ့။ တိမ်တိုက် မြွေတွား၊ ကျားသွား ပမာ၊ ဟင်္သာ ပျံဝဲ၊ ပိုက်စိပ် ဆွဲက၊ ပျားစွဲ တောင်ထွတ်၊ ပုံခတ် ဆိုလေ့၊ ခြင်္သေ့ သွားနင်း၊ ဖါးခုန်ဆင်း နှင့်၊ မယွင်း နှိုင်းချက်၊ ခြပုန်း တက်သည်၊ စစ်မက် ချီသွား၊ ဆယ်ပါး တွက်ဆ၊ တနည်း ပြ၏။ သကဋဗျူဟာ၊ ဆိုသည်မှာကား၊ တပ်တာ ပုံယူ၊ လှည်းဦး တူသို့၊ စစ်သူကြီးတို့၊ လေးသီး,လေးရပ်၊ စက်လေးချပ်သို့[1]၊ လေးထပ်,လေးဝ[2]၊ ဤသို့ ချမူ[3] ၊ ရထဗျူဟာ၊ ပဒုမ္မာ ဟု၊ ရွှေကြာ ပွင့်မုံ ” ၊ တူသော ပုံကား၊ ပဒုမ္မဗျူဟာ၊ ဗိုလ်ပါ အပြည့်၊ စက်သွား လှည့်သို့၊ ဆင်သည့် မူလ၊ အဝန်း ချမှု၊ စက္ကဗျူဟာ၊ စစ်ထိုးရာသည်၊၊ အင်္ဂါ,ဤသို့ ကြောင်းလျား တည်း။

၃၀။။ “သူရဲကောင်းတို့၊ လက်စောင်းနှစ်ဖက်၊ ထက်၍အားလှိုင်း၊ အလယ် ချိုင်းနှင့်၊ သည်းတိုင်း ပုံ ချ၊ ကင်းလက်မတည့်။ ထိုမှ တဆန်း၊ ရင်ဖောင်တန်းသို့၊ ရှက်သန်း စည်းကြပ်၊ အညီ ကွပ်လျက်၊ တတပ်တက် ကား၊ တတပ် စား၍၊ မသွား,မဆုတ်၊ မယုတ်,မတက်၊ မထွက်ရအောင်၊ အုပ်စည်းနှောင်မူ၊ ရင်ဖေါင်တန်းနှယ်၊ စစ်တသွယ်တည့်။ အလယ်၌မူ၊ ညံ့သော သူကို၊ ရွေးယူလေရှောင်း၊ ထားစုပေါင်းမှ၊ ကောင်းသည် သူရဲ၊ လက်ဝဲ, လက်ယာ၊ ရှေ့နောက် ကာ၍၊ ဗိုလ်ပါ ခြံရံ၊ အသက်နှံလျက်၊ ခံသည် စစ်ကား၊ ပျား၏ လပို့၊ ထိုကဲ့သို့တည့်။ သုံးဖို့ သုံးစု၊ ဗိုလ်ထု ထားမြောက်[4]၊ စစ်ခုံလောက်တည့်။ နောက်က အမြဲ၊ တပ်မ ကဲလျက်၊ လက်ဝဲ လက်ယာ၊ မြန်,မာ သန်,ကြမ်း၊ ထိတ်ထိတ် မွမ်းမျှ၊ ထောက်လှမ်း တတည်၊ ရှေ့စစ်သည်လည်း၊ စွမ်းရည်ပကား၊ ရှေ့ကထားမှ၊ အဖျား ချွန်းလျက်၊ အစွန်း ထွက်၍၊ ရဲမက် ခင်းကျင်း၊ လှည်းဦး ကင်းတည့်။ သွား,နင်း မြေမှာ၊ ကျီး ခြေရာ နှင့်၊ ပမာ ပုံထား၊ စစ်တပါးတည့်။ ပိုင်းခြား စီမံ၊ စစ်ထုံးစံသည်၊ စစ်ခံ ခြောက်စု၊ သီးခြား ပြုရှင့်။ လှည်းဦး ကင်းယောင်၊ စစ်ဆင် ဆောင်က၊ ဂဠုန် တောင် တပ်၊ တိုက်ဖျက် ညှပ်မူ၊ မရပ် ရှေ့, နောက်၊


  1. စစ်လေးချပ်သို့ (မန်း)
  2. လေးတပ်,လေးဝ (မန်း)
  3. အစွန်းချမူ (ဦး)
  4. ဗိုလ်ထု အားမြောက် (ဦး, ဟံ)