Page:နန္ဒီသေနပျို့.pdf/19

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၆
လက်ဝဲသုန္ဒရ
 

ပျက်စီး ရောက်လိမ့်။ ခုံလောက်ပုံသွား၊ သူ့စစ်ထားက၊ နွားလား ရှေ့ ဆောင်၊ တပ် နှင့် လှောင်လော့။ ရင်ဖောင်တန်းတက်၊ ကင်းလက်မတူ၊ ဗိုလ်လူ တပ်စဉ်၊ သူက ယှဉ်မှု၊ ရေယဉ် စီးဆင်း၊ လေးပြင်း, မြွေတွား၊ ဤသုံးပါးဖြင့်၊ ခန့်ထား တိုက်လေ၊ ကျီးခြေ နှုန်းနှုန်း၊ သူက ပန်းမူ၊ မကန်းကွက်သို့၊ တပ် ဆီးဆို့လော့။ ပျားလဖို့နှယ်၊ ရွယ်၍ စားစား၊ သူက လွှားမူ၊ မြွေတား, လေးပြင်း၊ နှစ်နည်း ခင်းလော့။ ကြောင်းခြင်း ရုံးစည်း၊ စစ်ဖျက်နည်းဟု၊ ဤလည်းသေခွေ၊ မှတ်ရာဖွေသည်၊၊ တထွေ,စစ်မှု ထူးပြားတည်း။

၃၁။။ “စစ်ပြန် လက္ခဏာ၊ တကြောင်းမှာကား၊ ဗိုလ်ပါ ရဲမက်၊ စစ် မပျက်အောင်၊ အချက် မှတ်ပေး၊ မပြန်သေးသို့၊ အရေး ဖွယ်ရာ၊ တပ် တောင်တာကို၊ ကောင်းစွာ ပြေပြစ်၊ အသစ် လုပ်ပြင်၊ စီရင်ပြီးမှ၊ ညဉ့်,ည အခါ၊ မသိသာအောင်၊ စစ်ခွါတပါး၊ လမ်းသွား,လမ်းကူး၊ တွင်း,ကျင်း တူး၍၊ ငြောင့်ဆူး ခလုတ်၊ သစ်ငုတ် များစွာ၊ ဆီးခဲ့ကာမူ၊ စစ်ခွါ တနည်း၊ ဆင်လည်း တသင်း၊ မြင်းလည်း တကြောင်း၊ သူရဲကောင်းတို့၊ ပုန်းအောင် ပြီးစေ၊ ဗိုလ်ခြေ ဖြောင့်စွာ[1]၊ ပြန်ခဲ့လာသည်၊ စစ်ခွါလည်းကောင်း၊ သူရဲ ပေါင်းတို့၊ တိမ်းစောင်းမသာ၊ အာဏာ ဖီဆန်၊ ခရီးလွန်မှ၊ မပြန်ဝံ့သည်၊ ရည်၍ တပ်မ၊ နောက်က မင်းနေ၊ ဗိုလ်ခြေ,ဆင်,မြင်း၊ မပြင်း မစွမ်း၊ ဝန်ထမ်းတို့အား၊ ရှေ့ကထား၍၊ မပြား သိမ်းအုပ်၊ စည်းချုပ် သေချာ[2]၊ ထွက်ခဲ့လာသား၊ စစ်ခွါ တတန်၊ လေးရပ်မှန်သည်၊၊ စစ်ပြန်,မှတ်ဖွယ် တခြားတည်း။

၃၂။။ “ဤသို့ ထင်ရှား၊ နည်းနာများတွင်၊ နွားလား မည်ရ၊ ဥသဘသို့၊ ပုံချနှိုင်းလျော်၊ ကိုယ်တော်ရှေ့အုပ်၊ ကျွန်ုပ်ရှေ့တည်၊ စစ်သည် စည်းဝေး၊ သူရဲ ရွေးမှ၊ မလေး,မထီ၊ ညီညီ,ညွတ်ညွတ်၊ ရွတ်ရွတ်,ချွံချွံ၊ ထိုးပစ် နွှံလျက်၊ အရွံ့ ပါအောင်၊ မရှောင် မတင်း၊ ဖိစီးနင်းမှ၊ သူ့ မင်းကို ရွယ်၊ ညာ,ပယ် ဝန်းရှက်၊ တိုက်လှန်ဖျက်က၊ စစ်မျက်နှာ ညှိုး၊ တပ်မ, ကျိုးမူ၊ တပ်မျိုး မခံ၊ တပ်ရံ, တပ်သိမ်၊ မငြိမ်,မသက်၊ တပ်လုံး ပျက်၍၊ မခက်,မခဲ၊ အောင်မြင်စဲလိမ့်၊ စစ်ပွဲ,စစ်ရေး၊ စစ်ဆွေးနွေးသော်၊၊ ကြံတွေး,ကြံဆ ထင်သတည်း။


  1. ပုန်းအောင်းစေပြီး၊ ဗိုလ်ထီး,ဖြောင့်စွာ (မန်း)
  2. မပြား သိမ်းထုပ်၊ စဉ်အုပ် သေချာ (မန်း)