Page:နန္ဒီသေနပျို့.pdf/14

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၁
နန္ဒီသေနပျို့
 

စစ်သူကြီးက၊ ခန့်သမျှကို၊ ယွင်းခွ မဖည်၊ အာဏာတည်ဟု၊ ဤသည် လေးပါး၊ ကျန်သည်များကို၊ ခန့်ထား ပြီးစေ၊ သူ့မြေ,သူ့ပြည်၊ လိုသည် ကိစ္စ၊ ငါ မတ,လျက်၊ သူက အလျင်၊ စ၍တင်သော်၊ အောင်မြင်မည်ရေး၊ မှု,ဆွေး နွေးမှ၊ ရှာရွေး ကောက်ယူ၊ ကြံတော်မူ၏။ ရန်သူ သေပျောက်၊ ဝမ်းမြောက်မဲ့ရာ၊ ထိုနည်းလာသည်၊၊သို့သာ,ဖွေနှည် မငြိုးတည်း။

၂၂။။ “တို့နိုင်ငံတွင်း[1]၊ သူက ချင်းမှ၊ မြင်းလည်း မသွယ်၊ နယ်လည်း မတား၊ ရထား ပိုက်တန်း၊ နှစ်ချက်သန်း၍၊ မှန်းထ လေးတပ်၊ တရပ် တသီး၊ နှစ်စီး ဆင်ပြောင်၊ ပိုက်သွင်းလှောင်သော်၊ မရှောင်လေကောင်း၊ ခွေပတောင်းလည်း၊ သွားကြောင်း မထွက်၊ သွားကွက် မမှန်၊ သွားအန် မစွမ်း၊ သွားလမ်း မသာ၊ ထိုပမာသို့၊ လက်ယာ တကွဲ၊ လက်ဝဲ တထောက်၊ ရှေ့ နှင့် နောက်လည်း၊ တလျှောက် ရံပတ်၊ အစာသတ်က၊ မှုတ်, ငတ် ခေါင်းပါး၊ တောင်,မြောက် သွား၍၊ အစား,ဆန်ရေ၊ ရှာဖွေသမျှ၊ ဆီးဆ တိုက်ဖျက်၊ အချက်ချက်နှင့်၊ စစ်မျက်နှာ နွမ်း၊ သို့ မစွမ်းမှ၊ ရှင်ဖမ်းယူချင်၊ စိတ်တော်ထင်၏[2]။ ပုံပြင် ဆွေးနွေး၊ ဤအရေးကို၊၊ ထောက်တွေး, ဘယ့်နှယ် ထင်သနည်း။

၂၃။။ “ထူးထူးလည်လည်၊ ကြောင်းတတည်ကား၊ မုံ့သည်မ, သား၊ မုံ့နားစားသို့၊ စွန်းနား တပ်ငယ်၊ တပ်စွယ် တပ်သိမ်၊ နင်းလိုက်နှိမ်၍၊ မငြိမ်,မသက်၊ တပ်ရံ ပျက်က၊ ကိုင်းခက် ကုန်စင်၊ ပန်းသစ်ပင်သည်၊ ရှင် မည်အရေး၊ ဝေးလေသည့်နှယ်၊ နွမ်းနယ်တပ်မ၊ ရဲမက်ကြွမူ၊ ဆီးဆဗိုလ်ပါ၊ ရံဝန်းကာလျှင်၊ တငါယက်သဲ့၊ အားတိုင်းကဲ့၍၊ ကြွင်းမဲ့အားလုံး၊ ငါးပုံ ကျုံးသို့၊ ဤထုံးအသွင်၊ ငါကြိုက်ချင်၏။ စီရင် ပြီးစီး၊ ဘယ်ကိုမှီး၍၊ မတ်ကြီးစိတ်ထား၊ ဘယ်ကြံများဖြင့်[3]၊ ခန့်တား,ထုံးမိတ် ချင်သနည်း။

၂၄။။ “သူ့ပြည်,သူ့မြို၊ သူတို့ တိုင်းစွန်၊ ခရီးလွန်က၊ အားခွန် လျော့ပါး၊ မြေ,ရေခြား၍၊ အဖျား အနာ၊ ရောဂါ နှိပ်ညှဉ်း၊ လမ်း ခဲယဉ်းသော်၊ လမ်းစဉ်း မသိ၊ လမ်းပင် ရှိလည်း၊ စိစိ ကြပ်ကြပ်၊ ဘယ်အရပ်တွင်၊ ဘယ်တပ် ချမည်၊ ဘယ်ပြည်,ဘယ်ရွာ၊ မသိသာတည့်။ ပမာပုံထား၊ တရွာ သွားက၊ တအား လျော့ကြုံ၊ ဆိုသော့ပုံသို့၊ တောအုံ,တောင်ကမ်း၊ စစ်မြေ


  1. တိုင်းနိုင်ငံတွင်း (ဟံ)
  2. စိတ်တော် ထင်၍ (မန်း)
  3. ဘယ်သို့များဖြင့် (မန်း)