Page:နန္ဒီသေနပျို့.pdf/13

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၀
လက်ဝဲသုန္ဒရ
 

ပွန်းတီး၊ အမတ်ကြီး၊၊သူ့ထီး သူ့နန်း၊ သိမ်းမြန်း ထိုထို၊ ငါ ရလို၍၊ ကုသိုလ် စီးပွား၊ တရား မရှု၊ အမှု ဖွေနည်၊ မကြံသည်ကို၊ အပြည်ပြည်သား၊ တိုင်းကားမြို့နေ၊ သက်သေလည်းရှိ၊ အားလုံးသိ၏။ ထိထိခိုက်ခိုက်၊ လောဘလိုက်ဖြင့်[1]၊ စစ်တိုက် သဘင်၊ ပြည်ကြီးရှင်သည်၊ သို့စင် မူ,ရူ၊ ကျင့်သည် ဟူ၍၊ ထီးဖြူ ဆောင်းချင်း၊ နောင်လာမင်းတို့၊ သတင်း ကျိုးမဲ့၊ မကဲ့ရဲ့သာ၊ ယခုမှာကား၊ မျက်ပါ ဆူးဆူး၊ ရူးမူး ထွက်ချိန်၊ မာန်အရှိန်နှင့်၊ ကလိင်္ဂရာဇ်၊ နှလုံးယစ်၍[2]၊ စင်စစ် မကြာ၊ လာမည် ဧကန်၊ ဆက်ဆက် မှန်လည်း၊ ဆဒ္ဒန်ဆင်အား[3]၊ ကြန်ကိုးပါးနှင့်[4]၊ ထောင်ထား ကြိုးကြိုး၊ စီးချင်းထိုးလည်း၊ ဖြစ်ရိုး သက်သေ၊ မရှိလေတည့်။ စေရေ ကြောင်းခြင်း၊ အခင်းခင်းကို၊ စိုင်းပြင်း စာနာ၊ တွေးတောရှာသည်၊၊ တို့မှာ,ထွေလည် မစိုးတည်း။

၂ဝ။။ “သို့ပင်ဖြစ်လည်း၊ စစ်မက်ခန့်ရန်[5]၊ နိုင်ထောက်တန်၍၊ နိုင်ဟန် မျှော်တွေး၊ နိုင်မည့်ရေးကို[6]၊ မလေး,မစား၊ ကြိုးအား မထူ၊ ရှိချေမူကား၊ ထိုသူ လုံးလုံး၊ စစ်မက်ရှုံးဟု၊ ရှေးထုံး စာပေ၊ ထွက်ရှိချေ၏။ သေခွေ မူလ၊ ဝီရိယဖြင့်၊ နေ့ည မလစ်၊ အုပ်,ကံမြစ်လျက်၊ စစ်တို့သဘော၊ စစ်ဆေးကြော၍၊ စစ်ပြော စစ်ပြု၊ စစ်မှု စစ်လို၊ စစ်ဆို စစ်ထွက်၊ ဆောင်လေ့ကျက်လော့။ စစ်မက် အောင်ရာ၊ အင်္ဂါ အပြား[7]၊ ဆယ်နှစ်ပါးတွင်၊ ငါကား မင်းပင်၊ သင်လည်း အမတ်[8]၊ ညီညွတ်ကြစွာ၊ ငါ့ဇာတာလည်း၊ ပြစ်ဆာ သန့်ရှင်း၊ ပေးကမ်းခြင်းဖြင့်၊ ဆင်,မြင်း ဗိုလ်ပေါင်း၊ သူရဲကောင်းလည်း၊ သိန်း,သောင်း သင်္ချေ၊ ဆန်,ရေ,စပါး၊ ပြည့်စုံများလျက်၊ ပြည်သား ပြည်သူ၊ ဘေးမြူ စင်ကြယ်၊ အန္တရာယ်နှင့်၊ ပျောက်ကွယ် ရောဂါ၊ ချမ်း,ငြိမ်း, သာသည်၊၊ မြို့ရွာ,ရွှေပြည် မညှိုးတည်း။

၂၁။။ “ ဤခုနစ်ပါး၊ အကြောင်းများနှင့်၊ သင်ကား မတ်ကြီး၊ ခြားသီး ပညာ၊ ရေးရာ မြော်မြင်၊ စစ်မှုအင်ကို၊ စီရင် လိမ္မာ၊ မဆိုသာတည့်။ ယာတြာမှု၊ ပြုသည် တထောင့်၊ သူလျှို နှောင့်လျက်၊ ပြည်စောင့် နတ်အား၊ ဆပွား မလွဲ၊ ပူဇော်မြဲတည့်။ သူရဲ ဗိုလ်လူ၊ နှလုံးဖြူလျက်၊


  1. လောဘလိုက်၍ (မန်း, ဟံ)
  2. နှလုံးညစ်၍ (မန်း)
  3. ဆဒ္ဒန်အင်အား (မန်း, ဆုံ)
  4. ကြန်ကိုးပါးလျှင် (ဦး, ဟံ)
  5. စစ်မက် ခံရန် (မန်း)
  6. နိုင်မည့်ရေးလည်း (မန်း, ဟံ)
  7. အင်္ဂါအများ (မန်း)
  8. သင်ကား အမတ် (ဦး)