Page:နန္ဒီသေနပျို့.pdf/15

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၁၂
လက်ဝဲသုန္ဒရ
 

မြေလမ်းဝယ်၊ ထောက်လှမ်းမမီ၊ ကစီ,ကလျဉ်၊ ကစဉ်,ကလျား၊ ရဲမက်များတို့၊ စိတ်အား လောင်လင်၊ ညိုးပူပင်သော်[1]၊ ဗိုလ်အင် အဖြီး၊ ရှေ့က ဆီးလျက်၊ တသီး တတိုက်၊ နောက်ကဝိုက်မှ၊ ဖူးကိုက်ညောင်ပျို၊ အားတိုင်း ခိုလျက်၊ ထန်းကို ပတ်ရစ်၊ သေအောင်ညှစ်သို့၊ မူး,မြစ် ချောင်း,မြောင်း၊ ရေကြောင်း သင့်ရာ၊ မပြန်သာအောင်၊ ကုန်းမှာတုံလည်း၊ လကောင်းနည်းလျှင်၊ ရေ,ကြည်း အစုံ၊ တပ်လုံးအုံက၊ မှုကုံတော့မည်၊ မရှည် မဝေး၊ ခန့်ရည်တွေးသည်[2]၊ အရေး,ဘယ်သို့ မြင်သနည်း။

၂၅။။ အဿကမည်တော်၊ သိညီကျော်သည်၊ ထင်ပေါ် သတင်း၊ နတ်ရှင်မင်းက၊ လင်းလင်း ဖေါ်ပြ၊ မေးကာလ၌၊ စက်ချသောငြမ်း[3]၊ နည်းနာပြွမ်း၍၊ ထုံးတမ်း ပွန်းတီး၊ မတ်ကြီး ပီပီ၊ နန္ဒီသေန၊ ကိစ္စတွေးမျှော်၊ အကြောင်းဖေါ်၍၊၊ နားတော်,သာညံ့ လျှောက်လတည်း။

၂၆။။ သေနင်္ဂါ သေနာစဂတိ၊ တထာ သေနုပဂါ သေနာ၊
ယုဒ္ဓါပဋိဂ္ဂဟာ သေနာ၊ ဘေဒါ နိဝတ္တနာ စေတိ၊
သတ္တဓာ ယုဒ္ဓဝိဓယော။

ဥရော ကစ္ဆော ပဿောစေဝ၊
မဇ္စျံ ပိဋ္ဌိ ပဋိဂ္ဂဟော၊
ကောဋိ မူလဗျူဟောစေတိ၊
သတ္တင်္ဂ ဗျူဟာ ဥစ္စရေ။

ပါသာဒိက၊ ဗျူဟောစေဝ၊
မုဒိင်္ဂ သမ ဒဏ္ဍကာ၊
စင်္ကောဋက၊ ဗျူဟောစေတိ၊
ဂတိ သေနာ စတုဗ္ဗိဓာ။

စန္ဒကာ ဗျူဟောစေဝ၊
ပဘင်္ကရ ဗျူဟောတထာ၊
ဒွိဓာ သေနု့ပသင်္ကမာ၊
ဝိညေယျာ ဗျူဟဝိညုနာ။


  1. ညှိုးပူပင်မှ (မန်း, ဟံ)
  2. ခန့်ရည်သွေးသည် (ဦး)၊ ရန်ရည်တွေးသည် (မန်း)၊
    ခန့်ရေတွေးသည် (စွယ်)
  3. စက်ရှသောငြမ်း (မန်း, ဟံ)