Page:နန္ဒီသေနပျို့.pdf/10

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
နန္ဒီသေနပျို့
 

စားစား၊ တသွား လာလာ၊ တဆာ လောင်လောင်၊ တတောင် လည်လည်၊ တမြည် တီးတိုး၊ တညှိုး ခြောက်ခြောက်၊ တတောက် ပတ်ပတ်၊ တညွတ် ယိုင်ယိုင်၊ တမိုင် တွေတွေ၊ တရေ ရွတ်ရွတ်၊ တဆွတ် ပျံ့ပျံ့၊ တအံ့ ချီးချီး၊ ပြည် ပျက်စီး၍၊ သမီးလည်း ဆုံး၊ နှလုံး မသာ၊ အသုရာသို့၊ အာဏာ မာန်ရှိန်၊ ညှိုးငယ်ပိန်လျက်၊ ကလိင်္ဂရာင်၊ တိုင်းစစ် သခင်၊ ရှိမည်ပင်တည့်။ ဆောလျင် မဆိုင်း၊ ကြံအားလှိုင်းလျက်၊ တိုင်း,ကလိင်္ဂ၊ မြို့ပြ,မြင်း,ဆင်၊ ကုန်စင် လက်နက်၊ ယူ၍ ဆက်အံ့။ ရွှေလက်တော် ရောက်၊ မဖောက် ဧကန်၊ မှန်ပြီ မလွဲ၊ စိတ်တော်စွဲ၍၊ ၊ စစ်ပွဲ,ဝင်တော် မူပါလော့[1]။”

၁၂။။ နန္ဒီသေန၊ ပဏ္ဍိတလျှင်၊ အဿကမင်း၊ ထုတ်သနင်းအား၊ နားသွင်း လျှောက်ပြီး၊ သမီးကညာ၊ ကလျာ ရွှေသား၊ ထိုလေးပါးသည်၊ မိဖုရားအရာ၊ ရောက်သောခါမှ၊ ဗိုလ်ပါ အများ၊ သံတို့အားကို၊ စကား မခြွင်း၊ နားပါးသွင်း၍၊၊ လင်းလင်း,ဖော်ပြ ဆိုလတည်း။

၁၃။။ “ကလိင်္ဂရာဇ်၊ မင်းစစ် စေသံ၊ ရေးရာပြုဟု၊ သူ နိုင်ငံကြီး၊ သည်ခရီးသို့၊ သမီးကညာ၊ ဆက်ပံ့လှာသည်၊ လိမ္မာ ဖြောင့်စင်း၊ အို အချင်းတို့၊၊ ရောင်ဆင်း လှတင့်၊ ပြစ်မျိုးနှင့်သည်၊ နတ်ရှင့်သမီး၊ မကြီးရွှင်ပြုံး၊ လေးယောက်လုံး ကို၊ လေးကုံး မဏိ၊ ရွှေ နှင့်ညိုသို့၊ မင်းမိဖုရား၊ အရာထားလျက်၊ မြှောက်စား ကြည်လင်၊ ရွှေနန်းတင်ပြီး၊ ဆင်ယင် တန်ဆာ၊ စုံလင်စွာလျှင်၊ ပါဋလိမြို့၊ ရောက်အောင်ပို့ ဟု၊ သင်တို့ ဇနိန်၊ ကလိင်္ဂရာဇ်၊ ပင်းစင်, မင်းဖျား၊ မင်းတရားအား၊ ကြောင်းလျား ထုတ်ဖေါ်၊ ရေးရာမျှော်၍၊၊ နားတော်,သင်တို့ လျှောက်လေကုန်။

၁၄။။ “နရာဓိပ၊ အဿကဟု၊ ပေါက်ပြ ကျော်ထင်၊ တို့အရှင်နှင့်၊ ကျွမ်းဝင် ဆပွါး၊ ရွှေနှစ်ပြားကို၊ တပြားတည်း ထပ်[2]၊ စပ်သောအလား၊ ရေဝယ်သားက၊ အခြား မတည်၊ ပြည်နှစ်ပြည်ကို၊ တပြည်တည်းပြွမ်း၊ မေတ္တာဆမ်းလျက်၊ ရွှေလမ်း,ငွေလမ်း၊ ပြည့်မွမ်းလာရောက်[3]၊ ခရီးပေါက် ၍၊ ခံသောက် စိတ်တူ၊ သစ္စာယူက၊ ထီးဖြူ နန်းအိမ်၊ မစိုးရိမ်ပင်[4]၊ စည်း


  1. စစ်ပွဲ,ဆင်တော် မူပါလော့ (ဆုံ, စွယ်, ဟံ)
  2. တသားတည်း ထပ် (ဦး)
  3. ပည်းမွှမ်း လာရောက် (ဟံ)
  4. မစိုးရိမ်တွင် (ဦး, စွယ်, ဟံ)