Page:နန္ဒီသေနပျို့.pdf/9

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
လက်ဝဲသုန္ဒရ
 

ကလိင်္ဂဟု၊ မည်ရ ကျော်ချီး၊ ထိုပြည်ကြီးက၊ သမီးကညာ၊ လှ,မြတ်စွာတို့၊ ပြည်ပါဋလိ၊ ရောက်သည်ရှိသော်၊ မြေကြီးအထု၊ ဂုရုပညာ၊ လိမ္မာ သိ,ညီ၊ ရှေးထုံးမှီသည်၊ နန္ဒီသေန၊ အဂ္ဂမဟာ၊ သေနာပတိ၊ ပြည်ကြီး ဦးကင်း၊ မတ်ခေါင်ချင်းကား၊ မျှော်တင်း ခန့်ရှည်၊ တံခါးသည်ကိုး၊ ရွှေပြည် ဒွါရ၊ ဖွင့်ကြစေပြီး၊ သမီး ကညာ၊ သိ,လိမ္မာသည်၊ ကလျာ ရောင်တောက်၊ မြို့တွင်း ရောက်မှ၊ ဝှန်ချောက် သတင်း၊ ပြည့်ရှင်မင်းအား၊ နားသွင်း တုံ့ခေါက်၊ ဤသို့ လျှောက်၏။ “ရှေ့,နောက်,မြောက်,တောင်၊ တိုင်း ပြည်ထောင်ကို၊ နတ် လောင်မီးကျ၊ နှိုင်းတမျှလျှင်၊ သိကြား လက်နက်၊ ဝက်ငက် ချိုးဖဲ့၊ ရှသကဲ့သို့[1]၊ ပြည်တဲ့ အလုံး၊ အုပ်ဖုံးမဆံ့၊ လေးကျွန်းလျက်၊ ချီးအံ့မကုန်၊ ဝသုန္ဓရေ၊ မြေလည်း စောင်းထောင်၊ တောင်လည်း ညွတ်လျ၊ တုန်လှုပ်ရရှင့်။ အဿက ရာဇာ၊ မည်တော်သာဖြင့်၊ ဆယ်ဖြာတရား၊ ယင်း မမှားတည့်။ စော်ကားရိုင်းပြ၊ ဒေါသ မာန်ယစ်၊ ရန်သူဖြစ်လည်း၊ ချစ်ချစ်ခင်ခင်၊ သားနှယ်ထင်၍၊ မှက်,ခြင်,ယင် ရောက်၊ သွေးတပေါက်မျှ၊ မသောက်စေချင်၊ စိတ်တော်ကြင်သည်။ နတ်ရှင် မင်းဖျား၊ စောတရား၊ ပတ္တမြားတုံး၊ စဉ်သင့်ကုံးလျက်၊ လွှဲလုံး ပြည်တန်၊ ထွန်းသောဟန်သို့၊ ကောင်းကြန် လက္ခဏာ၊ ရှသာ မပြီး၊ သမီး ကညာ၊ ရတနာသည်၊ သမ္ဘာ တက်တုန်း၊ ဖုန်းလည်း တက်တိုး၊ တန်ခိုး တောက်ပ၊ ဆက်လှာရဟု၊ ရွှင်ပျ လန်းလန်း၊ စိတ်တော်မှန်း၍၊၊ ရွှေနန်း,တင်တော် မူပါလော့။

၁၀။။ ဇမ္ဗုဒီပ၊ ဤ ကျွန်းမြထက်[2]၊ ရန်စ မပြုန်း၊ ဘယ်သူနှုန်းအံ့။ ငါ့ဖုန်း ဖြိုးဖြိုး၊ ငါ့တန်ခိုးကား၊ ငါစိုးသည့် ပြည်၊ ငါ့ရည် ငါ့ချင်း၊ ငါ့မြင်း ငါ့ဆင်၊ ငါ့တွင် ပြည့်နှက်၊ ငါ့လက်ထက်တိ[3]၊ ငါ့ကရိယာ၊ ငါ့ဗိုလ်ပါနှင့်၊ လိမ္မာ ပုန်းတီး၊ ငါမတ်ကြီး၏၊ ထွန်းညီး ထိန်ထိန်၊ ပညာရှိန်ကို၊ ကလိင်္ဂရာဇ်၊ မသိဖြစ်က၊ ရန်စစ် ငြူစူ၊ မီးသည် ဟူလျက်[4]၊ ယူသော် မလွဲ၊ စိတ်ကျိတ်ခဲ၍၊၊ မှတ်စဲ,ထင်တော် မူပါလော့။

၁၁။။ “မြင့်မိုတောင်ဖျား၊ သူ့တိုင်းကားနှင့်၊ သိကြား နေရာ၊ ရန်ရှာ ရန်ခိုက်၊ စစ်မက် တိုက်သော်၊ တရှိုက် ရှူရှူ[5]၊ တပူ ပင်ပင်၊ တထင်


  1. ရှိသကဲ့သို့ (ဟံ)
  2. ဤကျွန်းမထက် (ဟံ)
  3. ငါ့လက်နက်တိ (ဟံ)
  4. မိသည်ဟူလျက် (ဟံ)
  5. တဟိုက်ရှူရှူ (ဆုံ, ဟံ)