၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ  (1935) 
ယူနိုက်တက်ကင်းဒမ်းပါလီမန်

[ Cover ]

GOVERNMENT OF BURMA ACT, 1935
( 26 GEO. 5. CH. 3)
၁၉၃၅ ခုနှစ်၊
မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ

[ ToC ]

GOVERNMENT OF BURMA ACT, 1935
[26 GEO. 5. CH. 3.]
၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်
အုပ်ချုပ်မှုအက်ဥပဒေ။
[ပဉ္စမမြောက်ဂျော့ဘုရင်နန်းစံသက္ကရာဇ် ၂၆ ခုနှစ်တွင်ထုတ်ပြန်တော်မူသည့်
ဥပဒေတော်အခန်း ၃။]


ပုဒ်မများအစီအစဉ်။


အပိုင်း ၁။


အချီး


ပုဒ်မ။

၁။ ။အမည်တို
၂။ ။မြန်မာနိုင်ငံတော်ကို အသျှင်ဧကရာဇ် ဘုရင်မင်းမြတ် စီရင်အုပ်ချုပ် တော်မူခြင်း အကြောင်း။

အပိုင်း ၂။


အမှုဆောင်အစိုးရအဖွဲ့အကြောင်း။


ဘုရင်ခံမင်းကြီး။

၃။ ။ဘုရင်ခံမင်းကြီးခန့်ထားခြင်းနှင့်၊၎င်း၏အလုပ်ဝတ်တရားများအကြောင်း။
၄။ ။မြန်မာနိုင်ငံတော်အမှုဆောင်အစိုးရအခွင့်အာဏာအကြောင်း။

စီရင်အုပ်ချုပ်မှု။

၅။ ။ဝန်ကြီးချုပ်အဖွဲ့အကြောင်း။
၆။ ။ဝန်ကြီးချုပ်တို့နှင့်စပ်လျဉ်းသည့်အခြားပြဋ္ဌာန်းချက်များအကြောင်း။
၇။ ။ဘုရင်ခံမင်းကြီးသဘောအတိုင်းဆောင်ရွက်ရမည့်အလုပ်ဝတ်တရားများအကြောင်း။
၈။ ။ဘုရင်ခံမင်းကြီး၏အထူးတာဝန်များအကြောင်း။
၉။ ။မှာထားဆင့်ဆိုတော်မူသည့် အမိန့်တော်စာချွန်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်များ အကြောင်း။
၁၀။ ။အတွင်းဝန်ကြီးချုပ်၏ကြီးကြပ်အုပ်ချုပ်မှုအကြောင်း။
၁၁။ ။ဘုရင်ခံမင်းကြီး၏ဘဏ္ဍာရေးအတိုင်ပင်ခံဝန်ကြီးအကြောင်း။
၁၂။ ။အစိုးရရှေ့နေချုပ်အကြောင်း။
၁၃။ ။ရာဇဝတ်အဖွဲ့ဆိုင်ရာနည်းဥပဒေများနှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်အကြောင်း။
၁၃။ ။အစိုးရကိုတွန်းလှန်ဖြိုဖျက်ရန်အကြံအစည်ဖြင့် အပြင်းအထန်ထိခိုက် နာကျင်စေသော ရာဇဝတ်မှုများနှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များအကြောင်း။
၁၅။ ။အချို့သောသတင်းအကြောင်းအရာများ ရရှိရာဌာနစသည်များကို မပေါက်ကြားရခြင်း အကြောင်း။
၁၆။ ။အစိုးရမင်းတို့၏အမှုကိစ္စကိုဆောင်ရွက်ခြင်းအကြောင်း။

Price-Annas 8=9d.]

[ 1 ]

၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်
အုပ်ချုပ်မှုအက်ဥပဒေ။

[ပဉ္စမမြောက်ဂျော့ဘုရင်နန်းစံသက္ကရာဇ် ၂၆ ခုနှစ်တွင် ထုတ်ပြန်
တော်မူသည့်ဥပဒေတော်အခန်း ၃။]


မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအတွက်နောက်ထပ်ပြဋ္ဌာန်းချက်ပြုလုပ်ရန်အက်ဥပဒေ။
[၁၉၃၅ခုနှစ်၊ဩဂုတ်လ ၂ ရက်။]

ယခုပါလီမန်လွှတ်တော် အစည်းအဝေးသဘင်သို့ ရောက်ရှိနေကြသည့် မှူးမတ်မျိုး
နွယ်၌ဖြစ်သောအထက်ပါလီမန် လွှတ်တော်ဝင်ရှင်လူမှူးမတ်တို့နှင့် သာမန်မျိုးနွယ်၌
ဖြစ်သောအောက်ပါလီမန်လွှတ်တော်ဝင်မှူးမတ်တို့၏ အကြံဉာဏ်ပေးချက်၊ သဘော
တူညီချက်အရ၊ ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှသော အသျှင်ဧကရာဇ်ဘုရင်
မင်းမြတ်ကိုယ်တော်တိုင်က၎င်း၊အဆိုပါပါလီမန်လွှတ်တော်၏အမိန့်အာဏာဖြင့်၎င်း၊
ဆိုလတ္တံ့သည့်အတိုင်းတရားဥပဒေပြဋ္ဌာန်းပိုင်းခြားတော်မူသည်။

အပိုင်း ၁။


အချီး


၁။ ။ယခုအက်ဥပဒေကို၊ ၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်
အမည်တို။        ဥပဒေဟူ၍ ခေါ်တွင်အပ်သည်။

၂။ ။(၁) မြန်မာနိုင်ငံတော်အတွင်း၊ ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှ
မြန်မာနိုင်ငံကိုအသျှင်        သောအိန္ဒိယတိုင်းကြီး အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်
ဧကရာဇ် ဘုရင်မင်းမြတ် စီရင်        ကအခါကာလအားလျော်စွာ စိုးပိုင်တော်မူသည့်နယ်
အုပ်ချုပ် တော် မူ ခြင်း အ        ပယ်များကို စီရင်အုပ်ချုပ်ခြင်းနှင့်စပ်လျဉ်းသည့်၊ သို့မ
ကြောင်း။              ဟုတ်သက်ဆိုင် သည့်အသျှင် ဧကရာဇ်ဘုရင်မင်းမြတ်
အထက်ကရရှိတော်မူသော ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့် စီရင်ပိုင်ခွင့်အာဏာ
အားလုံးမှစ၍၊မြန်မာနိုင်ငံတော်အတွင်းအခြားမည်သည့်နယ်ပယ်များတွင်မဆိုဖြစ်စေ၊
၎င်းနယ်ပယ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ သဘောတူ စာချုပ်အရသော်၎င်း၊ ပေးအပ်
ခြင်းအရသော်၎င်း၊ ထုံးစံဓလေ့အရသော်၎င်း၊ ဝန်ခံချက်အရသော်၎င်း၊အခြားနည်း
သော်၎င်း၊ မိမိကဆောင်ရွက်တော်မူပိုင်သည့်ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့်စီရင်
ပိုင်ခွင့်အာဏာ အရပ်ရပ်ကို၊ ယခုအက်ဥပဒေကဖြစ်စေ၊ ယခုအက်ဥပဒေအရဖြစ်စေ၊
အခြားနည်းပြဋ္ဌာန်းထားသမျှတွင်မှတပါး၊သို့မဟုတ်အသျှင်ဧကရာဇ်ဘုရင်မင်းမြစ်က
အခြားနည်း ဆင့်ဆိုတော်မူသမျှတွင် မှတပါး၊ အသျှင်ဧကရာဇ် ဘုရင်မင်းမြတ်က

ဆောင်ရွက်တော်မူပိုင်သည်။ [ 2 ]

(၂) ဆိုခဲ့သည့်ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့်စီရင်ပိုင်ခွင့်အာဏာများတွင်၊
မြန်မာနိုင်ငံတော်အတွင်းမည်သည့်နယ်ပယ်များနှင့်မဆိုစပ်လျဉ်း၍၊ နိုင်ငံတော်ဆိုင်ရာ
အတွင်းဝန်ကြီးချုပ်ကဖြစ်စေ၊ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ဆိုင်ရာအတွင်း
ဝန်ကြီးချုပ်ကဖြစ်စေ၊အိန္ဒိယနိုင်ငံတော်ကို အစိုးရတော်မူသော ဘုရင်ခံချုပ်မင်းမြတ်
ကဖြစ်စေ၊ ကောင်စီအစည်းအဝေးတွင် အိန္ဒိယနိုင်ငံတော်ကို အစိုးရတော်မူသော
ဘုရင်ခံချုပ်မင်းမြတ်ကဖြစ်စေ၊မြန်မာနိုင်ငံတော်ကိုစီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံ
မင်းကြီးကဖြစ်စေ၊ မြန်မာနိုင်ငံတော် ဆိုင်ရာနိုင်ငံ အစိုးရမင်းတို့ကဖြစ်စေ၊ အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်ထံမှ လွှဲအပ်တော်မူချက်အရသော်၎င်း၊အခြားနည်းသော်၎င်း၊
အလျင်ကဆောင်ရွက်ပိုင်သောမည်သည့် ဆိုင်ရာဆိုင်ရာ၊ အခွင့်အာဏာ၊ သို့မဟုတ်
စီရင်ပိုင်ခွင့်အာဏာများမဆိုပါဝင်စေရမည်။

အပိုင်း ၂။


အမှုဆောင်အစိုးရအဖွဲ့အကြောင်း။


ဘုရင်ခံမင်းကြီး။

၃။ ။(၁) မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းကြီး

                            ကို၊ ဘုရင်မင်းမြတ်ပေးအပ်တော်မူသည့် အမိန့်တော်
ဘုရင်ခံ မင်းကြီး ခန့်ထား       စာချွန်ဖြင့်၊ အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်ကခန့်ထား
ခြင်းနှင့်၊ ၎င်း၏ အလုပ် ဝတ်     တော်မူ၍၊ ဘုရင်ခံမင်းကြီးမှာ၊ ယခုအက်ဥပဒေကဖြစ်
တရားများအကြောင်း။       စေ၊ ယခုအက်ဥပဒေအရဖြစ်စေ၊ မိမိသို့ပေးအပ်သည့်၊
သို့မဟုတ် မိမိအပေါ်တွင် တာဝန်ရှိစေသည့် အခွင့်အာဏာနှင့် အလုပ်ဝတ်တရား
အရပ်ရပ်မှစ၍၊ မိမိအားအသျှင်ဧကရာဇ်ဘုရင်မင်းမြတ်ကလွှဲအပ်တော်မူသည့်အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်၏ အခြားအခွင့် အာဏာများကိုရရှိသည်။

(၂) ယခု အက်ဥပဒေတွင်၊ ဘုရင်ခံမင်းကြီး၏ အလုပ် ဝတ်တရားများကို

ရည်ညွှန်းချက်တစုံတရာမှာ၊ အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်က ဘုရင်ခံမင်းကြီးအား
ယခုပုဒ်မအပိုဒ် (၁) အရလွှဲအပ်တော်မူပြီး ဖြစ်သည့်အကြောင်းကြောင့် ဘုရင်ခံ
မင်းကြီးကဆောင်ရွက်တော်မူပိုင်သည့် အခွင့်အာဏာများကို ရည်ညွှန်းချက်မပါမဝင်
သကဲ့သို့အဓိပ္ပါယ်ကောက်ယူရမည်။

(၃) ယခုအက်ဥပဒေဆိုင်ရာပဌမစာရင်းပါပြဋ္ဌာန်းချက်များမှာ၊ဘုရင်ခံမင်းကြီး

၏လစာငွေနှင့်စရိတ်ငွေများမှစ၍၊ဘုရင်ခံမင်းကြီးအား မိမိရာထူးဆိုင်ရာ အလုပ်ဝတ်
တရားများကို၊ အခွင့်သင့်လျော်စွာနှင့် ဂုဏ်ကြီးမြင့်သည့်အလျောက် ဆောင်ရွက်နိုင်
စေခြင်းငှါပြုလုပ်ရမည့်ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍၎င်း၊ ဘုရင်ခံမင်းကြီးအဖြစ် ခေတ္တ
ဆောင်ရွက်ရန်ခန့်ထားခံရသူတို့နှင့်စပ်လျဉ်း၍၎င်း၊အတည်ဖြစ်စေရမည်။

၄။ ။ (၁) ယခုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍၊

                            မြန်မာ နိုင်ငံတော် အမှုဆောင် အစိုးရ အခွင့် အာ
မြန်မာ နိုင်ငံ တော် အမှု       ဏာကို၊ဘုရင်ခံမင်းကြီးက၊တိုက်ရိုက်ဖြစ်စေ၊ မိမိလက်
ဆောင် အစိုးရအခွင့် အာဏာ    အောက်ခံ အရာရှိများဖြင့် တဆင့်ဖြစ်စေ၊ အသျှင်
အကြောင်း။       ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်စား ဆောင်ရွက်ရမည်။

[ 3 ]

( ၃ )

သို့သော်လည်းယခုအက်ဥပဒေပါ မည်သည့်အချက်မှာမျှ၊ မြန်မာနိုင်ငံတော်ဥပဒေပြု
အဖွဲ့အား၊ လက်အောက်ခံ အာဏာပိုင်တို့သို့ အလုပ်ဝတ်တရာများပေးအပ်ခြင်းမှ
တားမြစ်ခြင်းမရှိစေရ။ သို့မဟုတ် တရားရုံးတော်တစုံတရာ၊ တရားသူကြီး တဦးတ
ယောက်၊ သို့မဟုတ်အရာရှိတဦးတယောက်အားဖြစ်စေ၊ရပ်ကွက်ဆိုင်ရာအာဏာပိုင်၊
သို့မဟုတ်အခြားအာဏာပိုင်တစုံတရာအားဖြစ်စေ၊ အိန္ဒိယနိုင်ငံတော်၊ သို့မဟုတ်မြန်
မာနိုင်ငံတော်ဆိုင်ရာတည်ဆဲတရားဥပဒေတစုံတရာအရပေးအပ်ထားသည့်အလုပ်ဝတ်
တရားများကို၊ဘုရင်ခံမင်းကြီးသို့လွှဲပြောင်းပေးအပ်သည်ဟူ၍မှတ်ယူခြင်းမရှိစေရ။

(၂) မြန်မာနိုင်ငံတော် အမှုဆောင် အစိုးရအခွင့်အာဏာတွင်၊ ဆိုလတ္တံသည့်

အမူအရာများကိုပြုလုပ်ပိုင်ခွင့်ပါဝင်သည်။

(က) မြန်မာနိုင်ငံတော်တွင်၊ ရေတပ်၊ ကြည်းတပ်နှင့် လေတပ် များကို၊
အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်၏ကိုယ်စားဖွဲ့စည်းခြင်းနှင့်၊ မြန်မာ
နိုင်ငံတော်ဆိုင်ရာစစ်အဖွဲ့တွင်ပါဝင်သည့် အသျှင်ဧကရာဇ်ဘုရင်
မင်းမြတ်၏တပ်တော်များကိုစီရင်အုပ်ချုပ်ခြင်း။
(ခ) မြန်မာနိုင်ငံတော်အတွင်း၊ အသျှင်ဧကရာဇ် ဘုရင်မင်းမြတ် ပိုင်နယ်
ပယ်များ၏ အစိတ်အပိုင်းမဟုတ်သော ရပ်ကွက်များတွင်ဖြစ်စေ၊
၎င်းရပ်ကွက်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အသျှင် ဧကရာဇ်ဘုရင်
မင်းမြတ်က၊ သဘောတူစာချုပ်အရသော်၎င်း၊ ပေးအပ်ခြင်းအရ
သော်၎င်း၊ ထုံးစံဓလေ့ အရသော်၎င်း၊ဝန်ခံချက်အရသော်၎င်း၊
အခြားနည်းသော်၎င်း၊ ဆောင်ရွက်တော်မူပိုင်သည့် ဆိုင်ရာဆိုင်
ခွင့်၊ အခွင့်အာဏာနှင့် စီရင်ပိုင်ခွင့်အာဏာများကို ဆောင်ရွက်
ခြင်း။
သို့သော်လည်း။—―
(i) ဆိုခဲ့သည့်အခွင့်အာဏာမှာ၊ လူတဦးတယောက်သည်၊ အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်၏တိုင်းသူပြည်သားသော်၎င်း၊ မြန်မာ
နိုင်ငံတော်၊ သို့မဟုတ် အိန္ဒိယနိုင်ငံတော်တွင်ဖြစ်စေ၊ မြန်မာ
နိုင်ငံတော်၊သို့မဟုတ်အိန္ဒိယနိုင်ငံတော်နှင့် နီးစပ်လျက်ရှိသော
နယ်ပယ်များတွင်ဖြစ်စေ၊ နေထိုင်သည့် တိုင်းရင်းသားသော်
၎င်း၊မဟုတ်လျှင်၊၎င်းသူကိုမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းသည့်
တပ်များတွင်ဝင်ရောက်အမှုတော်ထမ်းရွက်စေခွင့်၊ သို့မဟုတ်
စာရင်းသွင်းစေခွင့်အာဏာမပါမဝင်ချေ၊၎င်းပြင်
(ii)ယင်းသို့သော တပ်တစုံတရာတွင် အမှုတော် ထမ်းရွက်စေရန်
ကော်မီရှင်အမိန့်တော်များပေးအပ်ပိုင်ခွင့်အာဏာကို၊ အသျှင်
ဧကရာဇ် ဘုရင်မင်းမြတ်က၊ အထက်တွင် နောက်ဆုံးပါရှိ
သည့် ပုဒ်မအပိုဒ် (၁) ပါ ပြဋ္ဌာန်းချက်များ အရသော်၎င်း၊
အခြားနည်းသော်၎င်း၊ လွှဲအပ်တော် မူသမျှတွင်မှတပါး၊ ထို
ကော်မီရှင်အမိန့်တော်များကို အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်
ကပေးအပ်ရမည်။