Page:၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ.pdf/3

From Wikisource
Jump to navigation Jump to search
This page has been proofread.

၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်
အုပ်ချုပ်မှုအက်ဥပဒေ။

[ပဉ္စမမြောက်ဂျော့ဘုရင်နန်းစံသက္ကရာဇ် ၂၆ ခုနှစ်တွင် ထုတ်ပြန်
တော်မူသည့်ဥပဒေတော်အခန်း ၃။]


မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအတွက်နောက်ထပ်ပြဋ္ဌာန်းချက်ပြုလုပ်ရန်အက်ဥပဒေ။
[၁၉၃၅ခုနှစ်၊ဩဂုတ်လ ၂ ရက်။]

ယခုပါလီမန်လွှတ်တော် အစည်းအဝေးသဘင်သို့ ရောက်ရှိနေကြသည့် မှူးမတ်မျိုး
နွယ်၌ဖြစ်သောအထက်ပါလီမန် လွှတ်တော်ဝင်ရှင်လူမှူးမတ်တို့နှင့် သာမန်မျိုးနွယ်၌
ဖြစ်သောအောက်ပါလီမန်လွှတ်တော်ဝင်မှူးမတ်တို့၏ အကြံဉာဏ်ပေးချက်၊ သဘော
တူညီချက်အရ၊ ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှသော အသျှင်ဧကရာဇ်ဘုရင်
မင်းမြတ်ကိုယ်တော်တိုင်က၎င်း၊အဆိုပါပါလီမန်လွှတ်တော်၏အမိန့်အာဏာဖြင့်၎င်း၊
ဆိုလတ္တံ့သည့်အတိုင်းတရားဥပဒေပြဋ္ဌာန်းပိုင်းခြားတော်မူသည်။

အပိုင်း ၁။


အချီး


၁။ ။ယခုအက်ဥပဒေကို၊ ၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်
အမည်တို။        ဥပဒေဟူ၍ ခေါ်တွင်အပ်သည်။

၂။ ။(၁) မြန်မာနိုင်ငံတော်အတွင်း၊ ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှ
မြန်မာနိုင်ငံကိုအသျှင်        သောအိန္ဒိယတိုင်းကြီး အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်
ဧကရာဇ် ဘုရင်မင်းမြတ် စီရင်        ကအခါကာလအားလျော်စွာ စိုးပိုင်တော်မူသည့်နယ်
အုပ်ချုပ် တော် မူ ခြင်း အ        ပယ်များကို စီရင်အုပ်ချုပ်ခြင်းနှင့်စပ်လျဉ်းသည့်၊ သို့မ
ကြောင်း။              ဟုတ်သက်ဆိုင် သည့်အသျှင် ဧကရာဇ်ဘုရင်မင်းမြတ်
အထက်ကရရှိတော်မူသော ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့် စီရင်ပိုင်ခွင့်အာဏာ
အားလုံးမှစ၍၊မြန်မာနိုင်ငံတော်အတွင်းအခြားမည်သည့်နယ်ပယ်များတွင်မဆိုဖြစ်စေ၊
၎င်းနယ်ပယ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ သဘောတူ စာချုပ်အရသော်၎င်း၊ ပေးအပ်
ခြင်းအရသော်၎င်း၊ ထုံးစံဓလေ့အရသော်၎င်း၊ ဝန်ခံချက်အရသော်၎င်း၊အခြားနည်း
သော်၎င်း၊ မိမိကဆောင်ရွက်တော်မူပိုင်သည့်ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့်စီရင်
ပိုင်ခွင့်အာဏာ အရပ်ရပ်ကို၊ ယခုအက်ဥပဒေကဖြစ်စေ၊ ယခုအက်ဥပဒေအရဖြစ်စေ၊
အခြားနည်းပြဋ္ဌာန်းထားသမျှတွင်မှတပါး၊သို့မဟုတ်အသျှင်ဧကရာဇ်ဘုရင်မင်းမြစ်က
အခြားနည်း ဆင့်ဆိုတော်မူသမျှတွင် မှတပါး၊ အသျှင်ဧကရာဇ် ဘုရင်မင်းမြတ်က
ဆောင်ရွက်တော်မူပိုင်သည်။