Page:၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ.pdf/4

From Wikisource
Jump to navigation Jump to search
This page has been proofread.

(၂) ဆိုခဲ့သည့်ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့်စီရင်ပိုင်ခွင့်အာဏာများတွင်၊
မြန်မာနိုင်ငံတော်အတွင်းမည်သည့်နယ်ပယ်များနှင့်မဆိုစပ်လျဉ်း၍၊ နိုင်ငံတော်ဆိုင်ရာ
အတွင်းဝန်ကြီးချုပ်ကဖြစ်စေ၊ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ဆိုင်ရာအတွင်း
ဝန်ကြီးချုပ်ကဖြစ်စေ၊အိန္ဒိယနိုင်ငံတော်ကို အစိုးရတော်မူသော ဘုရင်ခံချုပ်မင်းမြတ်
ကဖြစ်စေ၊ ကောင်စီအစည်းအဝေးတွင် အိန္ဒိယနိုင်ငံတော်ကို အစိုးရတော်မူသော
ဘုရင်ခံချုပ်မင်းမြတ်ကဖြစ်စေ၊မြန်မာနိုင်ငံတော်ကိုစီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံ
မင်းကြီးကဖြစ်စေ၊ မြန်မာနိုင်ငံတော် ဆိုင်ရာနိုင်ငံ အစိုးရမင်းတို့ကဖြစ်စေ၊ အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်ထံမှ လွှဲအပ်တော်မူချက်အရသော်၎င်း၊အခြားနည်းသော်၎င်း၊
အလျင်ကဆောင်ရွက်ပိုင်သောမည်သည့် ဆိုင်ရာဆိုင်ရာ၊ အခွင့်အာဏာ၊ သို့မဟုတ်
စီရင်ပိုင်ခွင့်အာဏာများမဆိုပါဝင်စေရမည်။

အပိုင်း ၂။


အမှုဆောင်အစိုးရအဖွဲ့အကြောင်း။


ဘုရင်ခံမင်းကြီး။

၃။ ။(၁) မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းကြီး

                            ကို၊ ဘုရင်မင်းမြတ်ပေးအပ်တော်မူသည့် အမိန့်တော်
ဘုရင်ခံ မင်းကြီး ခန့်ထား       စာချွန်ဖြင့်၊ အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်ကခန့်ထား
ခြင်းနှင့်၊ ၎င်း၏ အလုပ် ဝတ်     တော်မူ၍၊ ဘုရင်ခံမင်းကြီးမှာ၊ ယခုအက်ဥပဒေကဖြစ်
တရားများအကြောင်း။       စေ၊ ယခုအက်ဥပဒေအရဖြစ်စေ၊ မိမိသို့ပေးအပ်သည့်၊
သို့မဟုတ် မိမိအပေါ်တွင် တာဝန်ရှိစေသည့် အခွင့်အာဏာနှင့် အလုပ်ဝတ်တရား
အရပ်ရပ်မှစ၍၊ မိမိအားအသျှင်ဧကရာဇ်ဘုရင်မင်းမြတ်ကလွှဲအပ်တော်မူသည့်အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်၏ အခြားအခွင့် အာဏာများကိုရရှိသည်။

(၂) ယခု အက်ဥပဒေတွင်၊ ဘုရင်ခံမင်းကြီး၏ အလုပ် ဝတ်တရားများကို

ရည်ညွှန်းချက်တစုံတရာမှာ၊ အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်က ဘုရင်ခံမင်းကြီးအား
ယခုပုဒ်မအပိုဒ် (၁) အရလွှဲအပ်တော်မူပြီး ဖြစ်သည့်အကြောင်းကြောင့် ဘုရင်ခံ
မင်းကြီးကဆောင်ရွက်တော်မူပိုင်သည့် အခွင့်အာဏာများကို ရည်ညွှန်းချက်မပါမဝင်
သကဲ့သို့အဓိပ္ပါယ်ကောက်ယူရမည်။

(၃) ယခုအက်ဥပဒေဆိုင်ရာပဌမစာရင်းပါပြဋ္ဌာန်းချက်များမှာ၊ဘုရင်ခံမင်းကြီး

၏လစာငွေနှင့်စရိတ်ငွေများမှစ၍၊ဘုရင်ခံမင်းကြီးအား မိမိရာထူးဆိုင်ရာ အလုပ်ဝတ်
တရားများကို၊ အခွင့်သင့်လျော်စွာနှင့် ဂုဏ်ကြီးမြင့်သည့်အလျောက် ဆောင်ရွက်နိုင်
စေခြင်းငှါပြုလုပ်ရမည့်ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍၎င်း၊ ဘုရင်ခံမင်းကြီးအဖြစ် ခေတ္တ
ဆောင်ရွက်ရန်ခန့်ထားခံရသူတို့နှင့်စပ်လျဉ်း၍၎င်း၊အတည်ဖြစ်စေရမည်။

၄။ ။ (၁) ယခုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍၊

                            မြန်မာ နိုင်ငံတော် အမှုဆောင် အစိုးရ အခွင့် အာ
မြန်မာ နိုင်ငံ တော် အမှု       ဏာကို၊ဘုရင်ခံမင်းကြီးက၊တိုက်ရိုက်ဖြစ်စေ၊ မိမိလက်
ဆောင် အစိုးရအခွင့် အာဏာ    အောက်ခံ အရာရှိများဖြင့် တဆင့်ဖြစ်စေ၊ အသျှင်
အကြောင်း။       ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်စား ဆောင်ရွက်ရမည်။