အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
326941ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၇။ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း

[edit]

မင်းမင်းလေးရဲ့ အားလပ်ချိန် မြို့တစ်မြို့တွင် မင်းမင်းဟုခေါ်သော ကျောင်းသားလေးတစ်ယောက် ရှိသည်။ သူသည် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်သူ ဖြစ်၏။ သူသည် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ် တက်ပါသည်။ နံနက်ခင်းတိုင်း ဘုရားရှိခိုးသည်။ မိဘများကို အိမ်မှု ကိစ္စများ ကူညီလုပ်ကိုင်ပေးသည်။ နေ့လယ်ပိုင်းတွင် မိသားစုနှင့်အတူ ထမင်းစားပြီး ခဏအနားယူ သည်။ အနားယူပြီးသောအခါ မင်းမင်းလေးသည် ခြံထဲတွင် သူ၏အဖေနှင့်အတူ ပန်းပင်ရေလောင်းသည်။

သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားသည်။ ကစားပြီးသောအခါ မင်းမင်းလေးသည် ရေချိုးပြီး ညနေစာ စားရန်အတွက် မေမေ့အား ကူညီပြင်ဆင်ပေးသည်။ ညနေစာ စားပြီးနောက် ကျောင်းသင်ခန်းစာ များကို လေ့လာဖတ်ရှုပြီး မိဘများအား နင်းနှိပ်ပေးသည်။ ထို့နောက် မိဘများနှင့်အတူ တီဗွီကြည့်သည်။ မင်းမင်းလေးသည် အိပ်ရာမဝင်မီ ဘုရားခန်းသို့ ဝင်ကာ ဘုရားရှိခိုးပြီး မေတ္တာပို့ အမျှဝေသည်။ ထို့နောက် မိဘများအား ရှိခိုးကန်တော့ပြီး အိပ်ရာဝင်ပါသည်။

မင်းမင်းလေးသည် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်သူဖြစ်ရာ ကျောင်းပိတ်ရက်တိုင်း ဗဟုသုတဖြစ်ဖွယ် ပုံပြင်စာအုပ်များ၊ ကာတွန်းစာအုပ်များကို ဖတ်ရှုသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ပန်းချီသင်တန်းများလည်း တက်ရောက်သည်။ ယခုကဲ့သို့ အားလပ်ချိန်တိုင်းကို အကျိုးရှိရှိ အသုံးပြုတတ် သော မင်းမင်းလေးကို မိဘများနှင့် ဆရာများသာမက ပတ်ဝန်းကျင်မှ လူများကပါ ချစ်ခင်ကြလေသည်။