အားငယ်သူ အားပေးပါ

From Wikisource
Jump to navigation Jump to search
326595ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၆။ အားငယ်သူ အားပေးပါဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

အားငယ်သူ အားပေးပါ

[edit]

ဆင်ကြီးမဲလုံးသည် တိရစ္ဆာန်ငယ်လေးများကို အနိုင်ကျင့်ကာ တိရစ္ဆာန်ငယ်လေးများအား ရေသောက်ခွင့် မပေးပေ။

ညဘက်တွင် အစာရှာသွားသော ဆင်ကြီးမဲလုံး၏ ခြေထောက်ကို ငုတ်စူးခဲ့သည်။ ဆင်ကြီးမဲလုံးသည် မထနိုင်ဘဲ နာကျင်စွာ အော်ဟစ်နေရသည်။

တိရစ္ဆာန်လေးများသည် သူတို့ကို အနိုင်ကျင့်သော ဆင်ကြီးမဲလုံးကို သနားပြီး ကူညီရန် ရောက်လာကြသည်။

ဒဏ်ရာရနေသော ဆင်ကြီးမဲလုံးကို ကြင်ကြင်နာနာ ပြုစုကြသည်။

ထိုအခါမှစ၍ ဆင်ကြီးမဲလုံးက တိရစ္ဆာန်လေးများကို ရေသောက်ခွင့်ပေးလိုက်လေသည်။ သို့ဖြစ်၍ ဆင်ကြီးမဲလုံးသည် တိရစ္ဆာန်လေးများနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားခဲ့လေသည်။

အားနည်းသူကို ကူညီပါ

[edit]

သားတို့တွေ သမီးတို့တွေ၊ လိမ္မာပါတယ်လေ။
အားနည်းသူ ဖေးမကူ၊ အနိုင်မယူရဘူးလေ။
ဆိုးသွမ်းကာ ရိုင်းစိုင်းတာ၊ ရှောင်ကြဉ်ပါမယ်လေ။
ကြမ်းတမ်းစွာ မပြုကြပါ၊ ယဉ်ကျေးကြမယ်လေ။ ။