တိရစ္ဆာန်လေးများကို ကြင်နာပါ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၅။ တိရစ္ဆာန်လေးများကို ကြင်နာပါ
326594ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၅။ တိရစ္ဆာန်လေးများကို ကြင်နာပါဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

တိရစ္ဆာန်လေးများကို ကြင်နာပါ

[edit]

မြတ်စွာဘုရားရှင်သည် မြို့တွင်းသို့ ဆွမ်းခံကြွတော်မူသည်။

လမ်းတွင် မြွေကို ရိုက်နေကြသော ကလေးများကို တွေ့တော်မူသည်။

မြတ်စွာဘုရားရှင်သည် တိရစ္ဆာန်လေး များကို ကြင်နာသနားကြရန်၊ ကိုယ်ချင်းစာတရားထားကြရန် ကလေးများအား ဟောပြတော်မူသည်။

ကလေးများသည် တိရစ္ဆာန်လေးများအပေါ် ချစ်ခင်လာကြသည်။

တိရစ္ဆာန်များကို ကြင်နာပါ

[edit]

တို့တစ်တွေမှာ၊ နာကျင်သလို၊ သူတို့လည်း နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ သူတို့လည်း ပျော်ရွှင်ရမယ် ...
တို့တစ်တွေမှာ၊ နာကျင်သလို၊ ငှက်ကလေး နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ ငှက်ကလေး ပျော်ရွှင်ရမယ် ...
(ကြောင်ကလေး၊ ယုန်ကလေး၊ ပါပီလေး စသည်ဖြင့် ရွတ်ဆိုနိုင်ပါသည်။)