ချစ်စရာ သူငယ်ချင်းများ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၇။ ချစ်စရာ သူငယ်ချင်းများ
326596ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၇။ ချစ်စရာ သူငယ်ချင်းများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

ချစ်စရာ သူငယ်ချင်းများ[edit]

ချစ်စု

ချစ်စုလေးသည် ဓမ္မစကူးလ် ၊ သွားရသည်ကို အလွန်ပျော်၏။

ဓမ္မစကူးလ်ကို သူငယ်ချင်းများနှင့် အတူတူ သွားကြသည်။

ချစ်စုတို့အားလုံး ဓမ္မစကူးလ်တွင် ချစ်ချစ်ခင်ခင် နေကြသည်။

ကျောင်းပိတ်ရက်များတွင် ဓမ္မစကူးလ်မှ သူငယ်ချင်းများကို သတိရနေမိသည်။