အလှူဒါနပြုကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၃) အလှူဒါနပြုကြမယ်
326640ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၃) အလှူဒါနပြုကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

အလှူဒါန ပြုကြမယ်

[edit]

မိန်းမချောလေး မာလာ ဆင်းရဲသူလေး မာလာသည် အဝတ်အစားလှလှ လိုချင်ကြောင်း မိခင်ကို ပူဆာသည်။ သို့သော် မိခင်မှာ ဆင်းရဲသဖြင့် ဝယ်မပေးနိုင်ခဲ့ချေ။

မာလာက အဖိုးတန်ဝတ်စုံ လိုချင်သဖြင့် သူဌေးကြီးထံ အလုပ်တောင်းသည်။ သုံးနှစ်အလုပ်လုပ်လျှင် အဖိုးတန်အဝတ်အစားများ ပေးမည်ဟု သူဌေးကြီးက ကတိပေးသည်။

အလုပ်ကြိုးစားသော မာလာကို သူဌေးကြီးက သုံးနှစ်မပြည့်မီ အဝတ်အစားများ ပေးလိုက်သည်။ မာလာသည် အဝတ်အစားများကို ယူပြီး သူငယ်ချင်းများနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးဆင်းခဲ့သည်။

ရေချိုးနေစဉ်မှာပင် မာလာသည် သင်္ကန်းအလုခံရသော ရဟန်းတစ်ပါး ဖြတ်သွားသည်ကို မြင်လိုက် ရသည်။ သုံးနှစ်နီးပါး အလုပ်လုပ်၍ရသော အဝတ်အစားသစ်ကို ရဟန်းတော်အား လှူလိုက်၏။ “ဘဝတိုင်း အလွန်ချောမောလှပသူ ဖြစ်ရပါလို၏”ဟု ဆုတောင်းခဲ့သည်။

ထိုကုသိုလ်ကြောင့် မာလာသည် နတ်သားဘဝ၊ နတ်သမီးဘဝ အကြိမ်များစွာ ဖြစ်ရသည်။ လူဖြစ်သောအခါ၌လည်း အလွန်ချောမောလှပသော သူဌေးသမီးလေး ဖြစ်ခဲ့လေသည်။

အလှူဒါန ပြုကြမယ်

[edit]

ပေးကမ်း စွန့်ကြဲ လှူဒါန်းတာ၊
မြတ်သောဒါနပါ။
စေတနာ ကောင်းစွာထား၊
ကုသိုလ်အလွန်များ။
သူတစ်ပါးလည်း စိတ်ချမ်းသာ၊
ကိုယ်လည်း စိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး၊
ဧကန်မုချပေး။ ။