လိမ္မာသူကို အတုယူ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၄) လိမ္မာသူကို အတုယူ
326641ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၄) လိမ္မာသူကို အတုယူဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

လိမ္မာသူကို အတုယူ

[edit]

ယုန်ကလေးဖြူဖွေးသည် စိတ်ကောင်းရှိပြီး အားလုံးကို ကူညီတတ်သည်။

ဘိုးဘိုး၊ ဘွားဘွားများကိုလည်း လိုအပ်သည်များကို လုပ်ကိုင်ပေး၏။ ခြေတစ်ဖက် မသန်သော်လည်း အမြဲပျော်ပျော်ရွှင်ရွှင် နေလေ့ရှိသည်။

ရွှေဝါသည် ယုန်ငယ်လေးများကို အမြဲနောက်ပြောင်သည်။ ငိုအောင်လည်း စတတ်သည်။ ထို့ကြောင့် သူနှင့်အတူ ကစားမည့်သူငယ်ချင်း မရှိပေ။

ဖြူဖွေးကို မနာလိုဖြစ်နေသော ရွှေဝါက ထော့နင်းထော့နင်း လမ်းလျှောက်ပြပြီး ပြောင်လှောင်သည်။ ဖြူဖွေးက ဘာမျှ ပြန်မပြောပါ။ ။

ကြာဖြူက “ဖြူဖွေးကို မပြောပါနဲ့၊ သူရဲ့ ကောင်းတဲ့အကျင့်ကို အတုယူပါ”ဟု ရွှေဝါကို ဝင်ပြောသည်။ ရွှေဝါက ဂရုမစိုက်ဘဲ တောအုပ်ထဲ ပြေးဝင်သွား၏။ စမ်းချောင်းလေးကို ခုန်ကူးလိုက်သောအခါ အရှိန်လွန်ပြီး ချော်လဲသွားသည်။ ခြေထောက်နာသွားသဖြင့် ထော့နင်းထော့နင်း လမ်းလျှောက်ရသည်။

ရွှေဝါသည် ဖြူဖွေးကို ကိုယ်ချင်းစာတတ်သွား၏။ ဖြူဖွေးလို စိတ်ကောင်းထားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ လိမ္မာသောရွှေဝါကို သူငယ်ချင်းများက အတူကစားရန် ခေါ်သွားကြလေသည်။

လူယဉ်ကျေး

[edit]

လိမ္မာသူကို အတုယူ၊
ကိုယ်လည်း လိမ္မာသူ။
အမူအရာ အကျင့်ကောင်း၊
တို့လူငယ်အပေါင်း။
မရွဲ့ မစောင်း လမ်းကြောင်းမှန်၊
တို့များ လျှောက်နိုင်ရန်။
ဟန်ပန်မူရာ ယဉ်ကျေးဖို့၊
ကြိုးစားကြပါစို့။ ။