မြင်းဖြူရှင်

From Wikisource
Jump to navigation Jump to search
326643ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၅) မြင်းဖြူရှင်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

မြင်းဖြူရှင်

[edit]

ကုန်သည်၏ ဆိုင်ရှေ့က လမ်း၌ ဗွက်ထနေသည်။ စိတ်ထားကောင်းသော ကုန်သည်က လူအများ အဆင်ပြေစွာ သွားလာနိုင်ကြစေရန် လမ်းကို ကိုယ်တိုင်ပြင် လိုက်သည်။ လမ်းသွားလမ်းလာများ စိတ်ချမ်းသာစွာ သွားလာကြရ၏။

တစ်နေ့တွင် ကုန်သည်သည် သူငယ်ချင်းတစ်ယောက်နှင့် မြစ်ဆိပ်သို့ ရေချိုးရန် လာခဲ့၏။ နောက်ပြောင်လိုသော ကုန်သည်သည် ရေချိုးနေသည့် သူငယ်ချင်း၏ အဝတ်ကို ဝှက်ထားလိုက်သည်။ သူငယ်ချင်း အလွန်ချမ်းနေမှ အဝတ်ကို ပြန်ပေးလိုက်၏။ ကုန်သည် ကွယ်လွန်သောအခါ လမ်းခင်းကုသိုလ်ကြောင့် နတ်သားဖြစ်ခဲ့သည်။ လျင်မြန်သော နတ် မြင်းဖြူကိုလည်း ရ၏။ သို့သော် သူငယ်ချင်း၏ အဝတ်ကို ဝှက်ခဲ့သောကြောင့် အဝတ် မရှိသော နတ်သားဖြစ်ခဲ့ရလေသည်။