ညီညီညွတ်ညွတ် နေကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၂) ညီညီညွတ်ညွတ် နေကြမယ်
326638ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၂) ညီညီညွတ်ညွတ် နေကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

ညီညီညွတ်ညွတ် နေကြမယ်[edit]

စုပေါင်းအင်အား ရှေးအခါက တောအုပ်ကြီးတစ်ခုတွင် ငုံးများ စုပေါင်းနေထိုင်ကြသည်။ မုဆိုးတစ်ယောက်သည် ၊ ငုံးသံအတု ပြုလုပ်ပြီး နေ့စဉ်ပင် ငုံးများကို ပိုက်ကွန်ဖြင့် ဖမ်းယူနေ၏။ ငုံးမင်းက “မုဆိုးရဲ့ ပိုက်ကွန်ထဲ မိသွားကြရင် ပိုက်ကွန်အကွက်ထဲ ခေါင်းလျှိုပြီး ညီညီညာညာ ပျံတက်ကြ”ဟု ငုံးများကို ပြော၏။

ငုံးများ၏ စည်းလုံးညီညွတ်မှုကြောင့် မုဆိုးသည် ငုံးများကို ဖမ်း၍ မရတော့ပေ။

ငုံးနှစ်ကောင် ရန်ဖြစ်သည်မှစတင်၍ ငုံးတို့ စည်းလုံးညီညွတ်မှု မရှိကြတော့ပါ။

ထိုအခါ မုဆိုး၏ ပိုက်ကွန်ကို ညီညာစွာ မသယ်ဆောင်နိုင်ကြတော့ပေ။ စည်းလုံးညီညွတ်မှုမရှိသော ငုံးများကို မုဆိုးက လွယ်ကူစွာ ဖမ်းယူနိုင်ခဲ့လေသည်။

စည်းလုံးခြင်း[edit]

ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်၊ ငုံးလေးများအသွင်။
အကူအညီလိုရင် ညီညာမနှေး၊ ဝိုင်းဝန်းကူညီပေး။
ဖေးဖေးမမ ညီအစ်ကို၊ မောင်နှမတွေလို။
ကြိုဆိုကာ လက်ချင်းဆက်၊ စည်းလုံးခြင်းအတွက်။ ။