လိမ္မာသော ကလေးများ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၁) လိမ္မာသော ကလေးများ
326637ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၁) လိမ္မာသော ကလေးများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

လိမ္မာသော ကလေးများ

[edit]

မောင်မြစိုးသည် ဖျားနေသော ပထမတန်းကလေး တစ်ယောက်ကို အိမ်သို့ ပြန်ပို့ပေးသည်။ ကလေး၏ မိဘများ အိမ်တွင် မရှိကြ၍ မေမေ့ဆီ ခေါ်သွားပြီး ဆေးတိုက်ပေးခဲ့သည်။

မွန်မွန်သည် သစ်ပင်အောက်တွင် ပြုတ်ကျနေသော ငှက်ပေါက်စလေးကို တွေ့ရသည်။ ဖေဖေ၏ အကူအညီဖြင့် ငှက်ပေါက်စလေးကို ငှက်သိုက်ထဲ ပြန်ထည့်ပေးခဲ့၏။

မောင်ဖိုးဇော်သည် အလွန် မောပန်းနေသော ခရီးသည် ဦးလေးကြီးတစ်ဦးကို ရေချမ်းစင်မှ ရေခပ်တိုက်ခဲ့သည်။

မောင်သံချောင်းသည် အများသုံး ရေတွင်းဘေးရှိ ရေညှိများကို ပြောင်စင်အောင် တိုက်ချွတ်သည်။ မီးမီး၏ မေမေသည် မနက်တိုင်း ဟင်းသီးဟင်းရွက် ရောင်းရန် ဈေးသို့သွားသည်။ မီးမီးသည် မေမေနှင့်အတူ လိုက်သွားပြီး ဈေးကူရောင်းပေးသည်။