သိမ်သိမ်မွေ့ မွေ့ ပြုမူမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၆။ သိမ်သိမ်မွေ့ မွေ့ ပြုမူမယ်
326585ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၆။ သိမ်သိမ်မွေ့ မွေ့ ပြုမူမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သိမ်သိမ်မွေ့မွေ့ ပြုမူမယ်

[edit]

လူကြီးရှေ့မှာ ပြုမူစရာ

လူကြီးရှေ့မှာ သွားတဲ့အခါ၊
ခေါင်းလေးငုံ့ကာ ဦးညွှတ်ပါ။
လေးစားမူရာ အစဉ်ထား၊
ညင်ညင်သာသာ သွား။
လူကြီးများက ပေးလာလျှင်၊
လက်နှစ်ဖက်နဲ့ ယူဖို့ပြင်။
လူကြီးလာရင် လမ်းဖယ်ပေး၊
ရိုသေရမယ်လေး။
လူယဉ်ကျေးတဲ့ အကျင့်တွေ၊
လိုက်နာကျင့်ကြံလေ။
လိုက်နာကျင့်ကြံနေထိုင်မှ၊
သားတို့ဘဝ လွန်လှပ။
သမီးတို့ဘဝ လွန်လှပ။ ။