လိမ္မာယဉ်ကျေးသော ကလေးများ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ လိမ္မာယဉ်ကျေးသော ကလေးများ
326586ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၇။ လိမ္မာယဉ်ကျေးသော ကလေးများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

လိမ္မာယဉ်ကျေးသော ကလေးများ

[edit]

လိမ္မာတဲ့ ကလေးလေး
လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်။
တို့တစ်တွေ အမြဲ ကြိုးစားမယ်။
အဖေအမေရဲ့ စကား နားထောင်မယ်၊
ရိုသေလို့ ချစ်ပါ့မယ်။

လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊
တို့တစ်တွေ အမြဲ ကြိုးစားမယ်။
ဆရာ ဆရာမ စကား နားထောင်မယ်၊
ရိုသေလို့ ချစ်ပါ့မယ်။ ။

ရိုးသားသူ

[edit]

သူငယ်ချင်းများ ကိုင်ဆောင်နေကြသော ခဲတံအိတ်လှလှလေးများကို ကြည့်ပြီး မောင်ထွေးလေး လိုချင်နေမိသည်။

လမ်းတွင် ခဲတံအိတ်လှလှလေးကို တွေ့၍ ဝမ်းသာသွားသည်။

“ပိုင်ရှင်တော့ ဝမ်းနည်းပြီး ငိုနေတော့မှာပဲ”ဟု တွေးမိပြီး ခဲတံအိတ်လေးကို ဆရာမမှ တစ်ဆင့် ပိုင်ရှင်ထံ ပြန်ပေးခဲ့သည်။

ရိုးသားပြီး လိမ္မာယဉ်ကျေးသော မောင်ထွေးလေးကို အတန်းသားအားလုံးက လက်ခုပ်တီးပြီးချီးကျူးကြလေသည်။

ယဉ်ကျေးတဲ့ မွန်မွန်လေး

[edit]

လိမ္မာယဉ်ကျေးသော မွန်မွန်လေးသည် လူကြီးသူမများနှင့် ဆုံတွေ့သည့်အခါတိုင်း လက်အုပ်ချီပြီး ရိုရိုသေသေ နှုတ်ဆက်လေ့ရှိသည်။