ယဉ်ယဉ်ကျေးကျေး စားသောက်မယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၈။ ယဉ်ယဉ်ကျေးကျေး စားသောက်မယ်
326587ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၈။ ယဉ်ယဉ်ကျေးကျေး စားသောက်မယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

ယဉ်ယဉ်ကျေးကျေး စားသောက်မယ်

[edit]

မယ်ယဉ်ကျေး

ကျောင်းတွင် စုစုနှင့်နုနုသည် ထူးချွန်ကျောင်းသူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်တွင် မည်သူ့အား “မယ်ယဉ်ကျေးဆု” ပေးသင့်သည်ကို ဆုံးဖြတ်ရန် ဆရာ ဆရာမများ အခက်တွေ့နေကြသည်။

ထို့ကြောင့် အာဟာရဒါနကျွေးပွဲတွင် သူတို့နှစ်ယောက်ကို စောင့်ကြည့် အကဲခတ်ခဲ့ကြသည်။ စုစုနှင့် အချို့ကလေးများသည် သန့်ရှင်းစွာ မစားတတ်ကြပေ။

နုနုနှင့် အချို့ကလေးများသည်ကား ယဉ်ယဉ်ကျေးကျေး သန့်သန့်ရှင်းရှင်း စားကြသည်။

ထိုအခါ ဆရာ၊ ဆရာမများက “မယ်ယဉ်ကျေးဆု”ကို နုနုအား ပေးအပ်လိုက်လေသည်။

ယဉ်ကျေးသူလေးများ

[edit]

ထမင်းစားဖို့ ညီမလေး (ညီငယ်လေး)၊
လက်ကို စင်အောင်ဆေး။
ယဉ်ယဉ်ကျေးကျေး ဟန်မူရာ၊
ထမင်းစေ့ မကျပါ။
ပါးစပ်မှာ ပလုတ်ပလောင်း၊
ဒီလို မစားကောင်း။
ဟင်းရည်တောင်းလည်း သပ်ရပ်စွာ၊
မညစ်ပေစေရာ။
သန့်ရှင်းလိမ္မာ အစာစား၊
ယဉ်ကျေးသူလေးများ။ ။