တစ်ကိုယ်ရေ သန့်ရှင်းရေး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ တစ်ကိုယ်ရေ သန့်ရှင်းရေး
326588ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၉။ တစ်ကိုယ်ရေ သန့်ရှင်းရေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

တစ်ကိုယ်ရေသန့်ရှင်းရေး

[edit]

ကိုကိုနဲ့ညီညီ

ညီအစ်ကိုနှစ်ယောက်ရှိသည်။

ညီညီ မျက်နှာသစ်နေသည်။ ကိုကိုက မျက်နှာမသစ်ဘဲ ထွက်ပြေးသည်။

ညီညီက လက်ကို သန့်ရှင်းစွာ ထားသည်။ ကိုကိုက ညစ်ပတ်သည်။

ကိုကိုက ခေါင်းလည်းမဖြီး အုန်းဆီလည်း မလိမ်းပေ။

ညီညီအနားတွင် သူငယ်ချင်းအများကြီး ရှိသည်။ သန့်ရှင်းသော ညီညီကို အားလုံးက ချစ်ခင်ကြသည်။

တစ်ကိုယ်ရေ သန့်ရှင်းရေး

[edit]

ခြေသည်း လက်သည်း လှီးပါ့မယ်။
ချေးညှော် ကင်းအောင်ကွယ် ....။
မျက်နှာသစ်ကာ ရေချိုးစို့၊ ဆပ်ပြာတိုက်ပါလို့ ...။
ကိုယ်လက် သန့်ရှင်းထားပါ့မယ်။
သွားကို တိုက်ကာရယ် .. ခေါင်းကိုဖီးကာ ဆီလိမ်းလို့၊
မွှေးကြိုင် လန်းစေဖို့ .... ။ ။