သူငယ်ချင်းကောင်း

From Wikisource
Jump to navigation Jump to search
326589ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၀။ သူငယ်ချင်းကောင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

သူငယ်ချင်းကောင်း

[edit]

မောင်ကဏန်း

လယ်သမားလေးနှင့် မောင်ကဏန်းတို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ ကျီးမိုက်သည် လယ်သမားလေး၏ မျက်လုံးကို ဖောက်စားချင်နေသည်။

လယ်သမားကို ကိုက်ရန် ကျီးမိုက်က မြွေဟောက်ကို အကူအညီတောင်းသည်။ မြွေဟောက်က လယ်သမားလေး၏ ခြေထောက်ကို ကိုက်လိုက်သည်။

မောင်ကဏန်းလေးက မြွေနှင့်ကျီးကို ဖမ်းညှပ်ပြီး မြွေဆိပ်ကို ပြန်ထုတ်ခိုင်းသည်။

ဘေးရန်ကင်းသွားသော လယ်သမားလေးသည် သူငယ်ချင်းကောင်း မောင်ကဏန်းနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားလေသည်။

သူငယ်ချင်းကောင်း

[edit]

အစာစားလည်း အတူတူ၊
ကစား အတူတူ။
လဲကျသူကို လူလို့ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ
တို့များ ပျော်ရွှင်ကြ။ ။