ချိုချိုသာသာ ပြောကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၅။ ချိုချိုသာသာ ပြောကြမယ်
326584ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၅။ ချိုချိုသာသာ ပြောကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

ချိုချိုသာသာ ပြောကြမယ်[edit]

စကားချိုသာ ပြောဆိုပါ

သူဌေးသားသုံးဦးသည် ငှက်ပျောသီးလှည်း မောင်းလာသော ဦးကြီးတစ်ယောက်နှင့် ဆုံမိကြသည်။

ပထမသူဌေးသားက “ဟဲ့ ခြံစိုက်သမား ငါ့ကို ငှက်ပျောသီး နည်းနည်းပေးစမ်း”ဟု ပြောသည်။ ဦးကြီးက မကောင်းသော ငှက်ပျောသီးတစ်ဖီး ပေးလိုက်သည်။

ဒုတိယသူဌေးသားက “ ဦးလေး ငါ့ကို ငှက်ပျောသီး .. ပေးပါ”ဟု ပြောသည်။ ဦးကြီးက ငှက်ပျောသီးပိန်ပိန်တစ်ဖီး ပေးလိုက်သည်။

တတိယသူဌေးသားက “ ဦးလေးကြီးခင်ဗျာ .... ကျွန်တော့်ကိုလည်း ပေးပါဦး”ဟု ချိုချိုသာသာ ပြောသည်။ ဦးကြီးက အကောင်းဆုံး ငှက်ပျောသီးတစ်ဖီးကို ပေးလိုက်လေတော့သည်။

အလှဆုံး[edit]

စကားပြောဆို ချိုချိုသာ၊ သမီး အလိမ္မာ။
(စကားပြောဆို ချိုချိုသာ၊ သားသား အလိမ္မာ။)
ယဉ်ကျေးသူမှာ မျက်နှာပြုံး၊ သမီးအလှဆုံး။
(ယဉ်ကျေးသူမှာ မျက်နှာပြုံး၊ သားသား အလှဆုံး)။