သိမ်မျိုးစုံမဟာဋီကာ/သတ္တဗ္ဘန္တရသိမ် သာဓကစုံယူပုံပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၂၃။ သတ္တဗ္ဘန္တရသိမ် သာဓကစုံယူပုံပြခန်း

     လူတို့နေထိုင်ရာ မြို့ရွာနယ်မှ အလွတ်ဖြစ်၍ ဤအရပ်ကား မည်သည်မြို့, ရွာ, နိဂုံးနယ်ဖြစ်သည်ဟု ပြောဆိုရာမဟုတ်သော တောအရပ်, တောင်အရပ်များ၌ ရဟန်းသံဃာများ နေရာမှပြင်ပအရပ်လေးမျက်နှာတွင် အရှေ့မျက်နှာ (၁၉၆) တစ်ရာကိုးဆယ်ခြောက်တောင်၊ တောင်မျက်နှာ (၁၉၆) တစ်ရာကိုးဆယ့်ခြောက်တောင်၊ မြောက်မျက်နှာ (၁၉၆) တစ်ရာကိုးဆယ့်ခြောက်တောင်၊ အနောက်မျက်နှာ (၁၉၆) တစ်ရာကိုးဆယ့်ခြောက်တောင်၊ အတွင်းအရပ်သည်
သတ္တဗ္ဘန္တရသိမ်မည်၏။

ထိုကြောင့် ဝိနည်းမဟာဝါ ပါဠိတော် (၁၅၀)၌ -
     အဂါမကေ စေ ဘိက္ခဝေ အရညေ သမန္တာ သတ္တဗ္ဘန္တရာ။ အယံ တတ္ထ သမာနသံဝါသာ ဧကုပေါသထာ-ဟုဟောတော်မူသည်။

ဝိနည်းမဟာဝါအဋ္ဌကထာ(၃၃၃)၌လည်း -
     အဂါမကေ စေတိ ဂါမနိဂမနဂရသီမာဟိ အပရိစ္ဆိန္နေ အဋဝိပ္ပဒေသေ။ အထ ဝါ အဂါမကေ စေတိ ဝိဇ္ဈာဋဝိသဒိသေ အရညေ ဘိက္ခု ဝသတိ, အထဿ ဌိတောကာသတော သမန္တာ သတ္တဗ္ဘန္တရာ သမာနသံဝါသကသီမာတိ အတ္ထေ -ဟု ဖွင့်တော်မူသည်။

     ဤအဋ္ဌကထာ၌ ဒုတိယနည်းအလိုကား - ဟိမဝန္တာတောကြီးဝယ် အနာတတ်အိုင် တောင်မျက်နှာ ဆင်ခံတွင်းမှ ထွက်သော အာဝဋ္ဋဂင်္ဂါ၊ ကဏှဂင်္ဂါ၊ အာကာသဂင်္ဂါ၊ ဗဟလဂင်္ဂါ၊ ဥမင်္ဂဂင်္ဂါ၊ (မ ဋ္ဌ၊ ၃။ ၂၆။ အံ၊ ဋ္ဌ၊ ၃၊ ၂၇၄။) တို့တွင် ဥမင်္ဂဂင်္ဂါကို ကန့်လန့်ဆီး၍ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူ ဟူသော မြစ်ကြီးငါးသွယ် ခွမြွာရာအစ ဝိဉ္ဈတောင်ကြီး၌တည်သော ဝိဉ္ဈတောကြီးပမာ လူတို့နေရာဟု မဆိုထိုက်သော အရပ်၌ သတ္တဗ္ဘန္တရသိမ်ကို ရအပ်သည်ဟုဆိုလိုသတည်း။

     ယင်းပါဠိ အဋ္ဌကထာတို့၌ သတ္တဗ္ဘန္တရဟူသော စကား၌ လူတို့(၂၈)တောင်ကို အဗ္ဘန္တရ တစ်ခုဆိုသည်။ အဗ္ဘန္တရ (၇)ခုသော် (၂၈) တောင် (၇) လီဖြစ်၍ (၁၉၆) တောင်ဖြစ်သတည်း။ အရှေ့၊ အနောက်၊ တောင်၊ မြောက် သူ့အတိုင်းတာလျှင် (၁၉၆) ၂-လီစီဖြစ်၍ (၃၉၂)တောင်ဖြစ်၏။ သံဃာစွန်းက တာရသည်၊ သံဃာ့အလယ်ကိုထောက်၍ မတာရ သံဃာတိုးပွားတိုင်းလည်း သိမ်တိုးပွား၏။ ထို့ကြောင့် ၎င်းမဟာဝါအဋ္ဌကထာ (၃၂၃)၌ - ဧကံ အဗ္ဘန္တရံ အဋ္ဌဝီသတိ ဟတ္ထပမာဏံ ဟောတိ ဟု မိန့်၏။ နိဿဂ္ဂိယပါစိတ် ဥဒေါသိတသိက္ခာပုဒ် ပါရာဇိက၊ ဋ္ဌ၊ ဒု (၂၃၅။)၌ကား- အဋ္ဌဝီသတိ
ဟတ္ထံ ဟောတိဟုရှိ၏။ ၎င်း ဥဒေါသိတသိက္ခာပုဒ်အဋ္ဌကထာ ပါရာဇိက၊ ( ဋ္ဌ၊ ဒု၊ ၂၃၆။) ၌ ယတ္တကံ ဘိက္ခုသံဃော ၀ဍ္ဎတိ၊ သီမာပိ တတ္တကံ ဝဍ္ဎတိ - ဟု မိန့်တော်မူသတည်း။

ဝိနယဝိနိစ္ဆယ အဋ္ဌကထာ (၂၄၆) ၌လည်း -
          အဂါမကေ အရညေ တု, သတ္တေဝ'ဗ္ဘန္တရာ ပန၊
          သမန္တတော အယံ သီမာ, သတ္တဗ္ဘန္တရနာမိကာ။

          ဧကံ အဗ္ဘန္တရံ ဝုတ္တံ, အဋ္ဌဝီသတိဟတ္ထကံ၊
          ဂုဠုက္ခေပနယေနေဝ, ဥဒကုက္ခေပကာ မတာ။

          ဣမာ ဒွေ ပန သီမာယော, ဝဍ္ဎန္တိ ပရိသာဝသာ၊
          အဗ္ဘန္တရူဒကုက္ခေပါ, ဌိတောကာသာ ပရံ သိယုံ။
                                        ဟု ဖွင့်တော်မူ၏။ ။