သိမ်မျိုးစုံမဟာဋီကာ/သတ္တဗ္ဘန္တရသိမ်၌ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၂၄။ သတ္တဗ္ဘန္တရသိမ်၌ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းပြခန်း
347737သိမ်မျိုးစုံမဟာဋီကာကျမ်း — ၂၄။ သတ္တဗ္ဘန္တရသိမ်၌ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းပြခန်းကျွန်းရွာတောရဆရာတော်

     ယင်းတော၌ သတ္တဗ္ဘန္တရသိမ်နှစ်ခု သံဃာနှစ်ခု ကံပြုလိုသော် တစ်ခုသော သတ္တဗ္ဘန္တရသိမ်နှင့် တစ်ခုသောသတ္တဗ္ဘန္တရသိမ်အကြား သီမန္တရာဇ်အလို့ငှာ သတ္တဗ္ဘန္တရသိမ်တစ်ခုပင် ထားအပ်၏။ ထိုကြောင့်

ဝိနည်းမဟာဝါအဋ္ဌကထာ ( ၃၃၃) ၌ -
     ဒွန္နံ သတ္တဗ္ဘန္တရာနံ အန္တရေ အညံ ဧကံ သတ္တဗ္ဘန္တရံ ဥပစာရတ္ထာယ ဌပေတဗ္ဗံ -

ဟုမိန့်အပ်၏။ ဝိမတိ၊ ဝိနယာလင်္ကာရတို့၌ သတ္တဗ္ဘန္တရသိမ်မှတပါး အရညသိမ်ရှိကြောင်းဆို၏၊ ထိုစကားမသင့်။

အကြောင်းကား -
     အယံ သီမာ တိစီဝရဝိပ္ပဝါသပရိဟရမ္ပိ လဘတိ-

ဟူသော ဝိနည်းမဟာဝါ အဋ္ဌကထာစကားဖြင့် သတ္တဗ္ဘန္တရသိမ်သာ တိစီဝရိတ် အစောင့်အရှောက် ရနိုင်သည်၊
 အရညသိမ်မှာ မရနိုင်။

     ထို့ကြောင့် သတ္တဗ္ဘန္တရသိမ်မှတပါး အရညသိမ်မရှိကြောင်း မုချဆတ်ဆတ် သိအပ်၏။