သိမ်မျိုးစုံမဟာဋီကာ/ဝိသုံဂါမသိမ် အင်္ဂါ (၄)ပါးကို ထုတ်ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၈။ ဝိသုံဂါမသိမ် အင်္ဂါ (၄)ပါးကို ထုတ်ပြခန်း

     ၎င်းအဋ္ဌကထာ စကားရပ်၌ ပိဏ္ဍတ္ထလိုရင်းထုတ်သော်။
(၁) ပကတိ ဂါမခေတ်လည်းဖြစ်စေ။
(၂) ထိုပကတိ ဂါမခေတ်အတွင်း တစ်စိတ်သော
      မြေအရပ်လည်း ဖြစ်စေ။
(၃) အဋ္ဌကထာပြ အာကာရဖြင့် သတ်မှတ်ပိုင်းခြား
      သည်လည်း ဖြစ်စေ။
(၄) သတ်မှတ်ပိုင်းခြားသော သူသည် ရေမြေကို
       အစိုးရသော မင်းလည်း ဖြစ်စေ။

     ဤအကြောင်း လေးပါးစုံလင်မှ ဝိသုံဂါမမြောက်၍ ဥပုသ် ပဝါရဏာစသော ကံကြီး ကံငယ် ပြုထိုက် ပြုကောင်းသည်။ ဤအဓိပ္ပာယ်ကိုပြသည်။

     ထိုအင်္ဂါလေးပါးတို့တွင် ပထမအင်္ဂါဖြင့် ဂါမခေတ်မှ ကင်းသော မြစ်,သမုဒ္ဒရာ,ဇာတဿရအိုင် စသည်တို့၌
မင်းတို့ပိုင်းခြား၍ ရွာသီး, နယ်သီး ပြုသော်လည်း ဝိသုံဂါမ မဖြစ်ဟု ပြသည်။

     ဒုတိယအင်္ဂါဖြင့် ပကတိဂါမခေတ်တစ်ခုလုံးကို ရှေးနည်းအတိုင်း ပြုသော်လည်း ဝိသုံဂါမ မဖြစ်ဟုပြသည်။

     တတိယအင်္ဂါဖြင့် ဤအရပ်ကွက်သည် ဘုရားမြေဖြစ်စေ၊ ကျောင်းမြေဖြစ်စေ၊ ဤသို့စသည်ဖြင့် အပိုင်းအခြားထား၍ လှူဒါန်းသော်လည်း ဝိသုံဂါမ မဖြစ်ဟုပြသည်။

     စတုတ္ထအင်္ဂါဖြင့် မင်း နှင့် မင်းထံမှ ပိုင်းခြားခွင့် အာဏာရ မှူးမတ်တို့မှတပါး ပိုင်းခြားခွင့် အာဏာမရသော မှူးမတ်တို့ မိမိတို့အလျောက် ပိုင်းခြားသော်လည်း ဝိသုံဂါမ မဖြစ်ဟု ပြသည်။

     ဤအင်္ဂါလေးပါးတို့တွင် ပထမအင်္ဂါမှာ ဧကသ္မိံယေဝ ဂါမခေတ္တ-ကို သာဓကမူသည်။

     ဒုတိယအင်္ဂါမှာ ဧကံ ပဒေသံ ဟူသော ပရိစ္ဆိန္ဒိတဗ္ဗမြေပြ အဋ္ဌကထာကို သာဓကမူသည်။

     တတိယအင်္ဂါမှာ အယံ ဝိသုံဂါမာ ဟောတူတိ ပရိစ္ဆိန္ဒိတွာ ဟူသော အာကာရ အာကာရဝန္တပြ အဋ္ဌကထာကို သာဓကမူသည်။

     စတုတ္ထအင်္ဂါမှာ ရာဇာ - ဟူသော ရေမြေကို အစိုးရသောမင်းပြ အဋ္ဌကထာကို သာဓကမူသည်။

     ကဿစိ ဒေတိ-ကား ဗလိံ လဘန္တိ -ဟူသော အဋ္ဌကထာကဲ့သို့ ယေဘုယျနည်း ပြသတည်း၊ အင်္ဂါပြမဟုတ်။ အဘယ့်ကြောင့်နည်းဟူမူကား ဂဏဘောဇန သိက္ခာပုဒ်၌ ရှေးဖြစ်သော ပဋိဂ္ဂဟဏကြိယာ နောက်ဖြစ်သော ဘုဉ္ဇနကြိယာ နှစ်ပါးတို့တွင် ရှေးဖြစ်သော ပဋိဂ္ဂဟဏ ကြိယာသာ ပြဋ္ဌာန်းကြောင်း၊ ပဋိဂ္ဂဟဏမေဝ ပမာဏံ - ဟု ဆိုသဖြင့် သိရသကဲ့သို့ ဤဝိသုံဂါမ အရာမှာလည်း ပရိစ္ဆိန္ဒနကြိယာသာ ပမာဏဖြစ်သည်၊ နောက် ဒါနကြိယာ ပမာဏမဖြစ်။ ပါဠိတော်သွားကို နာနာပျော်လေ။ ဂါမ နိဂမ နဂရ, အပိုင်းအခြားအတိုင်း သိမ်ဖြစ်ပုံကို ပြတော်မူလို၍ ဝိမတိဝိနောဒနီ၌ ပရိစ္ဆိန္နဘူမိဘာဂေါ။ ဝိနယဝိနိစ္ဆယဋီကာ၌ သဗ္ဗဒိသာသု သီမံ ပရိစ္ဆိန္ဒိတွာ -စသော စကား။ ဝိနယဂုဠှတ္ထပကာသနီ၌ ပရိစ္ဆိန္ဒိတွာတိ ကာရဏံ စသောစကားကို မိန့်ဆိုကြသတည်း။ ထိုစကားရပ်တို့တွင် ပရိစ္ဆိန္ဒိတွာတိ ကာရဏံဖြင့် ပရိစ္ဆိန္ဒိတွာ- ပုဒ်သည်၊ မင်း၏အပိုင်းအခြားကို ပြုခြင်း သည်သာ ဆိုအပ်ပြီးသော မြေအဖို့၏ ဝိသုံဂါမ ဖြစ်ခြင်းအကြောင်းတည်း။ ဤအနက်ကို ပြသည်။ ဤအရပ်သည် ဝိသုံဂါမဖြစ်စေဟူ၍ မင်းပိုင်းခြားခြင်းကြောင့် ဝိသုံဂါမ ဖြစ်သည်သာတည်း။ ဤကား အဓိပ္ပာယ်။

     ထို့ကြောင့် ပရိစ္ဆိန္ဒိတွာ- ပါဌ်ကား ထိုနောက် ဝိသုံဂါမော ဟောတိယေဝ နှင့်လည်း အနက်အားဖြင့် စပ်သည်သာတည်း။ ပိုင်းခြား၍ မင်းပေးအပ်သောအရပ်သည် ဝိသုံဂါမဖြစ်၏။ ဤအဓိပ္ပာယ်ကို မယူအပ်၊ ယူခဲ့သော် ဆိုအပ်ပြီးသော သာဓကအရပ်ရပ်တို့နှင့် ဆန့်ကျင်သတည်း။ လာရင်း ပါဠိတော်နှင့်လည်း သဘောအားဖြင့် ဆန့်ကျင်ရာသတည်း။ ဤသို့သော အကြောင်းကြောင့် ဆိုအပ်ပြီးစကားသာ အင်္ဂါပြစကားဟု ပုံသေမှတ်အပ်၏။ သောပိ-ဟူသော နိယတ္တ ဝါစကပဒဖြင့်လည်း ပရိစ္ဆိန္ဒိတဗ္ဗ-ပဒေသကိုသာ စွဲအပ်သုံးသပ်အပ်သတည်း။ ဒါတဗ္ဗပဒေသ -ကို မစွဲအပ် မသုံးသပ်အပ်။ ဤဝိသုံဂါမပြ ဝါကျကို သာဓကပြု၍လည်းကောင်း၊ ခင်းပြအပ်ပြီးသော ဝိမတိဝိနောဒနီ၊ ဝိနိစ္ဆယဋီကာ၊ ဝိနယာလင်္ကာရဋီကာ၊ ဂုဠှတ္ထပကာသနီတို့ကို သာဓကပြု၍လည်းကောင်း ယတ္တကေ ပဒေသေ စသော အဋ္ဌကထာစကားရပ်၌ -

     ယတ္တကံ ပဒေသံ ဧတ္တကော ဘူမိဘာဂေါ ဂါမော ဟောတူ တိ ရာဇာ ပရိစ္ဆိန္ဒတိ။ အယံ ပဒေသော အပ္ပေါ ဝါ ဟောတု၊ မဟန္တော ဝါ၊ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ ဟု ဆိုလိုရင်း မူလပါဒက ဖြစ်သော အဋ္ဌကထာဆရာ အာဘော်ကို သိနိုင်ရသတည်း။ ထိုကြောင့် မင်းသည်လည်းကောင်း၊ မင်း မှနယ်သီးခြားပြုနိုင်သော အာဏာ ဌာနန္တရ ရ မှူးမတ်သည်လည်းကောင်း ပိုင်းခြားလျှင် ပကတိဂါမ ဖြစ်၏ဟူသော မိမိ၏ စကားကို သာဓကပြုကြရာ၌ - ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ - ပါဌ်ကို သာဓကပြုကြသတည်း။ ။