မောင်ခွေးဖို့ ကဗျာများ

From Wikisource
Jump to navigation Jump to search
မောင်ခွေးဖို့ ကဗျာများ by မင်းသုဝဏ်
မာတိကာ

စာရေးသူ၏ မှတ်ချက်[edit]

အချို့ကဗျာများတွင် ယခင်အခါက ရေးဖွဲ့ခဲ့သည် ဖြစ်ပါသဖြင့် ကာရန် အချိတ်အဆက်နှင့် ဖျက်၍ ပြင်၍ မရနိုင်သော စကားလုံး အနည်းအကျဉ်း ပါနေပါသည်။ သည်းခံ ခွင့်လွှတ်ကြစေလိုပါ၏။ ယခုပုံစံအတိုင်း ပုံနှိပ် ထုတ်ဝေရန် စီစဉ်ခဲ့သည်ပင် ဆယ်နှစ်ကျော်သွားပါပြီ။

စာရေးသူ ၃၁-၁ဝ-၈၆

ကလေးများသို့ အမှာစကား[edit]

“မောင်ခွေးဖို့” ကဗျာစာအုပ်ဟာ ကလေးများဖို့ စာအုပ်ဖြစ်ပါ တယ်။ လူကြီးတွေက ကလေးတွေကို “မောင်ခွေး”၊ “မခွေး”စသည် ဖြင့် ချစ်စနိုးခေါ်တတ်ကြတယ် မဟုတ်ပါလား။ အခုလဲ ကလေးများကို “မောင်ခွေး”ဆိုပြီး ချစ်စနိုးခေါ်ထားပါတယ်။ သည်တော့ မောင်ခွေး ဖို့ဆိုတာ “ချစ်စွာသော ကလေးများအဖို့”လို့ ဆိုလိုတာပါပဲ။

ကလေးများဖို့ဖြစ်တဲ့ သည် ကလေးကဗျာတွေကို ဆရာကြီး မင်းသုဝဏ်က ရေးဖွဲ့ပါတယ်။ ဆရာကြီးမင်းသုဝဏ်ဟာ ၁၂၇၀-ပြည့် နှစ်၊ တပို့တွဲလပြည့်ကျော် ၆-ရက် (၁၀-၂-၁၉၀၉) ဗုဒ္ဓဟူးနေ့မှာ ရှေးခေတ် ဟံသာဝတီ စီရင်စု၊ ကွမ်းခြံကုန်းမြို့မှာ မွေးဖွား ခဲ့ပါတယ်။ အခု အသက် ၇၈-နှစ်ရှိပါပြီ။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် ၁၈- ဦးထွန်းလင်းရိပ်သာလမ်း၊ “သပြေညို”နေအိမ်မှာ နေပါတယ်။

ဆရာကြီး မင်းသုဝဏ်ဟာ ၁၉၃၁-ခု၊ အသက် ၂၂-နှစ်အရွယ်က စပြီး ကလေးကဗျာတွေကို ရေးဖွဲ့လာတာ ကနေ့အထိပါပဲ။ ဆရာကြီး မင်းသုဝဏ် ကလေးကဗျာတွေကို မရေးဖွဲ့ခင်တုန်းကဆိုရင် မြန်မာကဗျာ လောကမှာ ကလေးကဗျာ အလွန်ပါးရှားပါတယ်။ ရှေးလူကြီး များ ဖွဲ့ဆိုခဲ့တဲ့ ကလေးကဗျာ အနည်းငယ်သာ ရှိခဲ့ပါတယ်။

ဒါကြောင့် ကလေးချစ်တဲ့ ဆရာကြီးမင်းသုဝဏ်ကည“မနက် စောစောချိုးငှက်ကလေးတွေ ကူတာကို ကြားဖူးကြတယ် မဟုတ်လား။ မနက်ချိန်က နုနုပျိုပျို့ ၊ ချိုးကူသံက သာသာယာယာ၊ ပျော်စရာမကောင်း ဘူးလား။ ငါ့တူတို့၊ ငါ့တူမတို့အရွယ်ဟာ မနက်ချိန်လို နုနုပျိုပျိုပဲ။ ငါ့တူ တို့ ငါ့တူမတို့အသံဟာလဲ ချိုးကူသံလို သာသာယာယာပဲ။ သည်တော့ မနက်ခင်းချိုးကလေးကူသလို ကလေးတို့ကော တေးမဆိုချင်ကြဘူးလား။ ဆိုချင်ကြတယ်နော်။ အဲဒါကြောင့် ဦးလေးက ငါ့တူ ငါ့တူမတို့ဖို့ သီချင်းတွေကိုရေးတာပဲ”လို့ ဆိုပြီး သည်ကလေးကဗျာတွေကို ကလေးတွေ ပျော်ပျော်ပါးပါး ဆိုရအောင် စတင်ရေးဖွဲ့ခဲ့တာပဲ။ ဆရာကြီး မင်းသုဝဏ် ကလေးကဗျာများ ဖွဲ့ဆိုတာကို နှစ်သက်တဲ့အတွက် အခြား ကဗျာဆရာများကလည်း ကလေးကဗျာများကို ဝိုင်းဝန်းရေးဖွဲ့ လာကြပါတယ်။ ဒါကြောင့် မြန်မာကလေးများလောကမှာ ကလေးကဗျာတွေ ဝေဆာနေပါပြီ။

သည်“မောင်ခွေးဖို့” ကလေးကဗျာစာအုပ်မှာ ကဗျာ ၄၅-ပုဒ် ပါဝင်ပါတယ်။ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ကျောင်းနေဖက် ပန်းချီ ဆရာကြီး ဦးဘကြည်ရဲ့ ချစ်စရာ ရောင်စုံသရုပ်ဖော်ပုံတွေလည်း ပါပါတယ်။ ဦးလေးအဖို့ သည်ကဗျာတွေကို ကလေးတို့အရွယ်ကစပြီး ဖတ်လာတာ အခု လူကြီးအရွယ်အထိပါပဲ။ ဦးလေးရဲ့ သားသမီးတွေလည်း ဦးလေးလို ဖတ်လာခဲ့ကြပါတယ်။

သည်ကဗျာတွေကို ဦးလေးတို့ နှစ်သက်မြတ်နိုးကြတာဟာ ဘာကြောင့်လဲဆိုတော့ ဖတ်ရဆိုရတာ အသံသာယာတယ်။ ပြေပြစ်တယ်။ စကားလုံးနဲ့ အနက်အဓိပ္ပာယ်ကလည်း ရှင်းတယ်။ လွယ်တယ်။ စင်ကြယ်တယ်။ အကြောင်းအရာတွေကလည်း ကလေးများနဲ့ စပ်တယ်။ ပြီးတော့ ပျော်စရာလဲ ကောင်းတယ်။ စိတ်ကောင်း စိတ်မြတ်တွေကိုလည်း မွေးပေးတယ်။

စိတ်ကောင်းစိတ်မြတ်တွေကို မွေးပေးတယ်ဆိုတာကတော့ တခြား မဟုတ်ပါဘူးကွယ် ။ သည်ကဗျာတွေကိုဖတ်ရာက စိတ်ကို သန့်ရှင်းစင်ကြယ် စေတဲ့ သဘာဝအလှကို မြတ်နိုးစိတ်၊ တိရစ္ဆာန်ကလေးတွေကို ကြင်နာစိတ်၊ ကောင်းမြတ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံ စံတွေကို ချစ်ခင်စိတ်၊ အားနည်းသူကို သနားစိတ်၊ ကိုယ့်ပတ်ဝန်းကျင်ကို သိချင်စိတ်၊ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကစပြီး လူသားအားလုံးကို ငဲ့ညှာစိတ်၊ အများအကျိုးကို ဆောင်ရွက်ချင်စိတ် စတဲ့ စိတ်ကောင်း စိတ်မြတ်တွေ ပေါ်လာတာကို ဆိုလိုတာပါပဲကွယ်။

သည်ကဗျာတွေကို ဖတ်ပြီး ဦးလေးတို့တော့ သည်လို ခံစားရပါ တယ်။ ကလေးတို့လည်း ဦးလေးတို့နည်းတူခံစားကြရအောင် သည်ကဗျာ တွေကို ဖတ်ကြ၊ ရှုတ်ကြ၊ သီဆိုကြပါလားလို့ မေတ္တာရှေ့ထား ပြော ကြားပါရစေ။

မင်းယုဝေ အယ်ဒီတာချုပ်

မြစ်မခစာပေတိုက် ၁၉၈၆-ခုနှစ်၊ စက်တင်ဘာလ

ဤကဗျာများကို ရှာဖွေစုဆောင်းရာ၌ အကူအညီ ပေးသော ဦးမြင့်ဆွေ(တင်ဆွေမိုး) (တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်) ကို အထူး ကျေးဇူးတင်ပါသည်။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse