ကြာဆစ်ကြိုး
Jump to navigation
Jump to search
←၃။ ရွှေဇယ်ပွဲ | မောင်ခွေးဖို့ ကဗျာများ by ၄။ ကြာဆစ်ကြိုး |
၅။ အိပ်ပါလူလေး→ |
ကြာဖြူကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်။
ကြာပွင့်ကြာငုံ ထုံထုံမွှေးကို
မလေးဘယ်သို့ သုံးပါ့မယ်။
ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ်။ ။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |