Jump to content

တူတူရေဝါး

From Wikisource
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၃။ တူတူရေဝါး
184186မောင်ခွေးဖို့ ကဗျာများ — ၁၃။ တူတူရေဝါးမင်းသုဝဏ်

တူတူရေဝါးဝါး။
လူကလေးနဲ့ မေကစား။
အမေ့သားလေး ပုန်းစရာ၊
လက်ဝါးလေးနဲ့ ကာ။
လက်ဝါးကာ အပေါက်သေး၊
ချောင်းလို့ကြည့်တယ်လေး။
မိုးတိမ်မြေးတဲ့ ငွေသော်တာ၊
မေ့သား တူလှပါ။
အမေ့မှာတော့ ကမ္ဘာလား။
တူရေ တဝါးဝါး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.