ဘုရားအလောင်း တောထွက်တော်မူခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ ဘုရားအလောင်း တောထွက်တော်မူခြင်း
326563ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၄။ ဘုရားအလောင်း တောထွက်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားအလောင်း တောထွက်တော်မူခြင်း

[edit]

ထီးနန်းစည်းစိမ်ခံစားနေသော သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် တရားရှာရန် တောမထွက်မီ ယသောဓရာမင်းသမီးနှင့် သားတော်ရာဟုလာကို အိပ်ခန်းဝမှ လှမ်းကြည့်တော်မူခဲ့သည်။

ကဏ္ဍကမြင်းကို စီး၍ ဆန္နအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် အနော်မာမြစ်ကမ်းတွင် ဆံတော်ကို ဖြတ်၍ မင်းဝတ်တန်ဆာများကို စွန့်ပယ်တော်မူခဲ့သည်။

ရဟန်းပြု၍ တောထဲတွင် တစ်ပါးတည်း တရားကျင့်တော်မူခဲ့သည်။