ဘုရားအလောင်း ငယ်စဉ်ဘဝ

From Wikisource
Jump to navigation Jump to search
326535ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃။ ဘုရားအလောင်း ငယ်စဉ်ဘဝဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

ဘုရားအလောင်း ငယ်စဉ်ဘဝ

[edit]

ဘုရားအလောင်းမင်းသားလေးကို “သိဒ္ဓတ္ထ”ဟု အမည်မှည့်ကြသည်။ သိဒ္ဓတ္ထမင်းသားလေးကို ဖခင်ဘုရင်ကြီးနှင့်ဆွေမျိုးတို့က အလွန်ချစ်ကြသည်။

ဘုရင်ကြီးသည် မင်းသားလေးအတွက် အလွန်လှပသော ရေကန်ကြီးများကို ဆောက်လုပ်ပေးထားသည်။

အတတ်ပညာပြပွဲတွင် မင်းသားလေးသည် မြားပစ်နည်းမျိုးစုံကို အံ့သြဖွယ် ပြသခဲ့သည်။

အတတ်ပညာမျိုးစုံ တတ်ကျွမ်းသော မင်းသားလေးကို ဖခင်ဘုရင်ကြီးက ယသောဓရာမင်းသမီးလေးနှင့် လက်ထပ်ပေးခဲ့သည်။

ဘုရားအလောင်းမင်းသား

[edit]

အများအကျိုး ဆောင်လို့ပါ။
သိဒ္ဓတ္ထ ခေါ်တာ။
လောကမှာ ရှေ့ဆောင်ကောင်း၊
ငါတို့ ဘုရားအလောင်း။ ။