ဘုရားအလောင်း ဖွားတော်မူခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂။ ဘုရားအလောင်း ဖွားတော်မူခြင်း
326533ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂။ ဘုရားအလောင်း ဖွားတော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

ဘုရားအလောင်း ဖွားတော်မူခြင်း

[edit]

ရှေးအခါက ဘုရင်ကြီးသုဒ္ဓေါဒနနှင့် မိဖုရားကြီး မာယာဒေဝီတို့ ရှိခဲ့ကြသည်။

တစ်နေ့သ၌ မိဖုရားကြီး အိပ်သောအခါ “ဆင်ဖြူတော်လေးက မိဖုရားကြီးဝမ်းဗိုက်ထဲသို့ ဝင်သွားသည်”ဟု အိပ်မက်မြင်မက်သည်။

အိပ်မက်မက်ပြီး ဆယ်လကြာသောအခါ အလွန်လှပသော အင်ကြင်းဥယျာဉ်သို့ ရောက်လာခဲ့သည်။

မိဖုရားကြီးသည် အင်ကြင်းကိုင်းကို ကိုင်၍ ဘုရားအလောင်းတော်လေးကို ဖွားမြင်တော်မူသည်။

ဘုရားအလောင်း ဖွားတော်မူခန်း

[edit]

သုဒ္ဓေါဒန ဖခင်ပါ။
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။ ။