ဘုရားဖြစ်တော်မူခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၅။ ဘုရားဖြစ်တော်မူခြင်း
326564ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၅။ ဘုရားဖြစ်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်တော်မူခြင်း[edit]

ဘုရားအလောင်းတော်သည် အစာအာဟာရ လျှော့စား၍ ပြင်းထန်စွာ တရားကျင့်ခဲ့သော်လည်း တရားထူးမရခဲ့ပါ။

နောက်ပိုင်းတွင် မျှတအောင် ပြန်လည်စားသောက်ကာ တရားကျင့်ခဲ့သည်။ ကဆုန်လပြည့်နေ့တွင် သုဇာတာသူဌေးသမီးက နို့ဆွမ်းကို ဆက်ကပ်ခဲ့သည်။

တရားကျင့်နေသော ဘုရားအလောင်းတော်ကို မာရ်နတ်မင်းက လက်နက်မျိုးစုံဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

ကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူ၍ သတ္တဝါအားလုံးတို့၏ ကိုးကွယ်အားထားရာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

အောင်ပွဲ[edit]

ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား ။ ။