ဘုရားဖြစ်တော်မူခြင်း -ဒု

From Wikisource
Jump to navigation Jump to search
326607ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၅) ဘုရားဖြစ်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်တော်မူခြင်း

[edit]

ဘုရားအလောင်းတော်သည် ခြောက်နှစ်တိုင်အောင် ဆင်းရဲပင်ပန်းစွာ တရားကျင့်တော်မူသည်။ ခန္ဓာကိုယ်လည်း ပိန်ချုံးသွားသည်။ သို့သော် ဘုရားဖြစ်မည့် လမ်းစဉ်မဟုတ်ကြောင်း သိ၍ ထိုအကျင့်ကို စွန့်လွှတ်လိုက်သည်။

ကဆုန်လပြည့်နေ့တွင် သုဇာတာသူဌေးသမီးက နို့ဃနာဆွမ်းကို ရွှေခွက်ဖြင့် ကပ်လှူသည်။ “ငါသည် ယနေ့ ဘုရားဖြစ်မည်မှန်ပါက ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေ”ဟု အဓိဋ္ဌာန်တော်မူပြီး ရွှေခွက်ကို မြစ်ထဲသို့ မျှောလိုက်သည်။ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွားပါသည်။ ။

ဘုရားအလောင်းတော်သည် ဗောဓိပင်အောက်၌ တရားအားထုတ်နေ၏။ မာရ်နတ်က လက်နက်မျိုးစုံဖြင့် လာရောက်တိုက်ခိုက်သည်။ ဘုရားအလောင်းတော်သည် မာရ်နတ်၏ ရန်ကို ကဆုန်လပြည့်နေ့ နေမဝင်မီမှာပင် မေတ္တာတရားဖြင့် အောင်မြင်တော်မူခဲ့သည်။ ဆက်၍ တရားအားထုတ်ရာ မိုးလင်းခါနီးအချိန်တွင် ဘုရားဖြစ်တော်မူခဲ့သည်။

အောင်ပွဲ

[edit]

ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား ။ ။