ဘုရားရှိခိုးကြစို့

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၆) ဘုရားရှိခိုးကြစို့
326608ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၆) ဘုရားရှိခိုးကြစို့ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

ဘုရားရှိခိုးကြစို့

[edit]

သရဏဂုံအကျိုး

ဆင်းရဲသားလေးတစ်ယောက်သည် မျက်မမြင်မိဘနှစ်ပါးကို ရိုရိုသေသေ၊ ပြုစုလုပ်ကျွေးနေသည်။ သူသည် သရဏဂုံသုံးပါးကိုလည်း အမြဲရွတ်ဆိုသည်။ ထိုကောင်းမှုကြောင့် သူသည် နောက်ဘဝတွင် နတ်သားလေး ဖြစ်သွားသည်။

ဘုရားရှင်လက်ထက်တွင် လူ့ပြည်၌ သူဌေးသားလေး ဖြစ်လာသည်။ သရဏဂုံကျေးဇူးကြောင့် ခုနစ်နှစ်သားအရွယ်တွင် တရားနာရင်း ရဟန္တာ ဖြစ်သွားသည်။

ရဟန်းပြုပြီးသောအခါ ရဟန္တာအရှင်မြတ်သည် တရားဟောတိုင်း သရဏဂုံ၏ အကျိုးကျေးဇူးကို ဟောတော်မူခဲ့သည်။

ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း

[edit]

ဦးချတာ ဦးချတာ၊ ဒီလို ဦးချပါ။
လက် ခြေ နဖူး တံတောင် ဒူး၊
ငါးဦးမြေထိပါ။ ။

ဘုရားရှိခိုးမယ်

[edit]

သာသာယာယာ ညအခါ၊
ဘုရားရှိခိုးမှာ။
မေတ္တာဝေကာ ဆုခြွေတောင်း၊
ကျန်းမာကြစေကြောင်း။
ရွာဦးကျောင်းက စေတီသာ၊
အေးမြ လရောင်ဖြာ။
ကြည်ညိုကာ ဦးနှိမ်ချ၊
ဆီမီးပန်းလှူကြ။ ။