ဘုရားအလောင်း တောထွက်တော်မူခြင်း -ဒု

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၄) ဘုရားအလောင်း တောထွက်တော်မူခြင်း
326606ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၄) ဘုရားအလောင်း တောထွက်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားအလောင်း တောထွက်တော်မူခြင်း

[edit]

ဘုရားအလောင်းတော် အသက် (၂၉) နှစ်အရွယ်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်ခဲ့သည်။ တရားရှာလိုသဖြင့် တောထွက်ရန် ဆုံးဖြတ်ခဲ့သည်။ တောထွက်တော်မူမည့်ညတွင် ယသောဓရာနှင့် သားတော်လေးကို အိပ်ခန်းဝမှ လှမ်းကြည့်ခဲ့သည်။

ညသန်းခေါင်ယံအချိန်တွင် ကဏ္ဍကမြင်းကို စီး၍ ဆန္နအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။ ဘုရားအလောင်းတော် ဘုရားဖြစ်မည်ကို မလိုလားသော မာရ်နတ်က တောမထွက်ရန် ဟန့်တားခဲ့သည်။ ဘုရားအလောင်းက လက်မခံဘဲ ရှေ့မှ ဖယ်ရှားရန် မာရ်နတ်ကို ပြောသည်။

ဘုရားအလောင်းတော်သည် အနော်မာမြစ်ကမ်းတွင် ဆံတော်ကိုပယ်သည်။ မင်းဝတ်တန်ဆာကို စွန့်၍ ရဟန်းပြုတော်မူသည်။

တောထွက်ခန်း

[edit]

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်း စံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာ လူသေ သူတွေ့ က၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။ ။