ဘုရားဖူးသွားကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁ဝ) ဘုရားဖူးသွားကြမယ်
326613ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁ဝ) ဘုရားဖူးသွားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

ဘုရားဖူးသွားကြမယ်[edit]

ဘုရားဖူး သွားကြစို့
ဘယ်သွားမှာလဲ ကိုကြီးရယ်၊
ညီလေး လိုက်ချင်တယ်။
ကုန်းမြင့်ပေါ်ဝယ် တည်လို့ထား၊
စေတီတော်သို့ သွား။
အဝတ်အစား သပ်ရပ်စွာ၊
ဝတ်ဆင်ခဲ့ပါကွာ။
ရေချမ်း လှူကာ ပန်းကပ်လို့၊
ဘုရား ရှိခိုးစို့။ ။

ရွှေတိဂုံစေတီတော်[edit]

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ရန်ကုန်မြို့တွင် တည် ရှိသည်။ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး စေတီတော်ကြီး ဖြစ်၏။ ဉာဏ်တော်အမြင့် (၃၂၆)ပေ ရှိသည်။ ရွှေတိဂုံ စေတီတော်ရင်ပြင်သို့ တက်ရောက်ရန် မုခ်ဦးလေးခုနှင့် စောင်းတန်းကြီးလေးခုရှိသည်။ စေတီတော်ကြီးကို ရွှေပြားအစစ်များဖြင့် ကပ်လှူပူဇော်ထားသည်။