ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၁) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ
326614ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁၁) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ

[edit]

လူလိမ္မာနှင့် လူမိုက်

ရှေးအခါက လှည်းကုန်သည်မှူး နှစ်ယောက်ရှိသည်။ တစ်ယောက်က ပညာရှိပြီး တစ်ယောက်က ပညာမရှိပါ။ ပညာမရှိသော လှည်းကုန်သည်မှူးက ကုန်ရောင်းရန် ရှေ့က သွားနှင့်သည်။

ကန္တာရအလယ်သို့ ရောက်သောအခါ ဘီလူးများက လူယောင်ဆောင်၍ “ရှေ့မှာ ရေတွေ ရှိတယ်၊ အလေးခံပြီး ကို မသယ်ကြနှင့်”ဟု ပြောသည်။ ပညာမရှိသော လှည်းကုန်သည်မှူးက ရေများကို သွန်ပစ်ခိုင်းခဲ့သည်။ လှည်းကုန်သည်တို့သည် ရေကို ရှာမတွေ့ကြပေ။ ရေဆာ၍ အားအင်ကုန်ခန်းနေကြသော လှည်းကုန်သည်များကို ဘီလူးများက စားပစ်လိုက်ကြသည်။

ပညာရှိလှည်းကုန်သည်မှူး ခရီးထွက်လာသည့်အခါတွင်လည်း ဘီလူးများက ရှေး နည်းတူ ပြောကြသည်။ သို့သော် ပညာရှိလှည်းကုန်သည်မှူးက ဘီလူးတို့၏ စကားကို မယုံ ကြည်ချေ။ လှည်းကုန်သည်များကို ရေများကို မသွန်ပစ်ကြရန် ပြောပြီး ခရီးဆက်ခဲ့ကြသည်။ တစ်နေရာတွင် ရှေ့က လှည်းကုန်သည်များ၏ အရိုးများနှင့် ကုန်ပစ္စည်းများကို တွေ့ကြသည်။ ပညာရှိလူလိမ္မာနှင့် ပေါင်းသင်းရသော လှည်းကုန်သည်များသည် ဘေးရန်ကင်းခဲ့ကြပါသည်။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ

[edit]

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊
မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။ ။