နေထိုင်ရေးမင်္ဂလာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၂) နေထိုင်ရေးမင်္ဂလာ
326615ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁၂) နေထိုင်ရေးမင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

နေထိုင်ရေးမင်္ဂလာ[edit]

သူဆင်းရဲမလေးရဲ့ ကုသိုလ်ထူး

သူဆင်းရဲမလေးသည် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးကို အလွန်ကြည်ညို သောကြောင့် မိမိစားရန် ယူလာသောမုန့်ကို လှူဒါန်းလိုက်သည်။

အလှူကြီးပေးချင်သော်လည်း ဆင်းရဲနွမ်းပါးသူဖြစ်၍ မတတ်နိုင်ရှာပေ။ သို့ ဖြစ်၍ မိမိဆံပင်ကို ဖြတ်၍ ရောင်းလိုက်သည်။

ဆံပင်ရောင်း၍ ရသောငွေဖြင့် ဆွမ်း၊ သင်္ကန်းစသော လှူဖွယ်ပစ္စည်းများ ဝယ်ပြီး ဘုရားအမှူးရှိသော သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။

သူဆင်းရဲမလေး ကွယ်လွန်သောအခါ ထိုကောင်းမှုကြောင့် နောက်ဘဝတွင် ဘုရင့်သမီးတော် ဖြစ်သွားခဲ့လေသည်။ ဉာဏ်ပညာကြီးမားပြီး ရုပ်အဆင်းလည်း အလွန်လှပပါသည်။

နေထိုင်ရေးမင်္ဂလာ[edit]

ကုသိုလ် ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးက တင်ကြို ပြုခဲ့ဖူးသည့်၊
ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ။