မေတ္တာပို့ကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၉) မေတ္တာပို့ကြမယ်
326612ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၉) မေတ္တာပို့ကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

မေတ္တာပို့ကြမယ်

[edit]

ငြိမ်းချမ်း သာယာ အေးမြပါစေ

ကျား - ကျေးဇူးတရား ကြီးမားပေ၊ သားငယ်တို့ ဖေဖေ။
မ- ကျေးဇူးတရား ကြီးမားပေ၊ သမီးငယ်တို့ ဖေဖေ။
ကျား - ကျေးဇူးတရား ကြီးမားပေ၊ သားငယ်တို့ မေမေ။
မ- ကျေးဇူးတရား ကြီးမားပေ၊ သမီးငယ်တို့ မေမေ။
ကျား - သားတို့တစ်တွေအပေါ် မေတ္တာထား၊ ဘိုးဘိုးနှင့် ဘွားဘွား။
မ - သမီးတို့တစ်တွေအပေါ် မေတ္တာထား၊ ဘိုးဘိုးနှင့် ဘွားဘွား။
ကျား - အစ်ကို အစ်မများ နေထိုင်ရာ၊ သားတို့ ဤကမ္ဘာ။
မ- အစ်ကို အစ်မများ နေထိုင်ရာ၊ သမီးတို့ ဤကမ္ဘာ။
ကျား - ငြိမ်းချမ်းသာယာ အေးမြဖို့၊ သားတို့ မေတ္တာပို့။
မ - ငြိမ်းချမ်းသာယာ အေးမြဖို့၊ သမီးတို့ မေတ္တာပို့။ ။

မေတ္တာထားသော ရသေ့များ

[edit]

ရသေ့များ တရားကျင့်နေသော တောနက်ကြီးထဲတွင် မြွေအလွန်ပေါသည်။ တစ်ခါတစ်ရံ ရသေ့များသည် မြွေများကို အနှောင့်အယှက်ပေးမိသကဲ့သို့ ဖြစ်သွား၏။ ထိုအခါ မြွေများက ရသေ့များကို ကိုက်ကြသည်။ အချို့ ရသေ့များသည် မြွေကိုက်ခံရကာ ၊ ကွယ်လွန်သွားကြသည်။ ရသေ့များသည် ကောင်းစွာ တရားအားမထုတ်နိုင် ကြတော့ပေ။

ထိုအကြောင်းကို ခေါင်းဆောင်ရသေ့အား ပြောကြားကြသည်။ မြွေများကို အနှောင့်အယှက် မပေးမိစေရန်နှင့် မေတ္တာပို့ရန် ခေါင်းဆောင်ရသေ့က သင်ပေးသည်။ ရသေ့များက မြွေများကို နေ့စဉ် မေတ္တာပို့သကြသည်။ ရသေ့များ၏ မေတ္တာကြောင့် မြွေများက ရသေ့များအား မကိုက်ကြတော့ပေ။ ရသေ့များ ချမ်းသာစွာ တရားအားထုတ် နိုင်ကြသည်။