နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၇

From Wikisource
Jump to navigation Jump to search
ကချင်ပြည်နယ်ကောင်စီ ဖျက်သိမ်းခြင်းနှင့် ပြည်နယ်ဦးစီးအဖွဲ့သစ် ဖွဲ့စည်းခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ကချင်ပြည်နယ်ကောင်စီ ဖျက်သိမ်းခြင်းနှင့် ပြည်နယ်ဦးစီးအဖွဲ့သစ် ဖွဲ့စည်းခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၇
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်။
( ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်။)

(က) ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက် မွန်းတည့်အချိန်မှစ၍ ကချင်ပြည်နယ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီဖြစ်​ကြောင်း ကျေညာအပ်ပါသည်။

(ခ) နိုင်ငံတော် တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အောက်ပါပုဂ္ဂိုလ်များပါဝင်သော “ကချင်ပြည်နယ်ဦးစီးအဖွဲ့” ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်မွန်းလွဲပိုင်းအချိန်မှစ၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကျေညာအပ်ပါသည်။

ပြည်နယ်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ — ဦးဒိန်ရတန်

အဖွဲ့ဝင်များ

(၁) ဦးထွန်းရင်။
(၂) ဗိုလ်မှူးကြီး လွန်းတင်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။