နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၈

From Wikisource
Jump to navigation Jump to search
ကရင်ပြည်နယ်ကောင်စီ ဖျက်သိမ်းခြင်းနှင့် ပြည်နယ်ဦးစီးအဖွဲ့ သစ်ဖွဲ့စည်းခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ကရင်ပြည်နယ်ကောင်စီ ဖျက်သိမ်းခြင်းနှင့် ပြည်နယ်ဦးစီးအဖွဲ့ သစ်ဖွဲ့စည်းခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၈
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်။)

(က) ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်မွန်းတည့် အချိန်မှစ၍ ကရင်ပြည်နယ် ကောင်စီကိုဖျက်သိမ်းလိုက် ပြီဖြစ်ကြောင်းကျေညာအပ်ပါသည်။

(ခ) နိုင်ငံတော် တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အောက်ပါပုဂ္ဂိုလ်များပါဝင်သော “ကရင်ပြည်နယ်ဦးစီးအဖွဲ့” ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက် မွန်းလွဲပိုင်းအချိန်မှစ၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကျေညာအပ်ပါသည်။

အဖွဲ့ဥက္ကဋ္ဌ — ဒေါက်တာစောလှထွန်း

အဖွဲ့ဝင်များ

(၁) စောဘိုးအောင်။
(၂) ဦးအေစိုးမြင့်။
(၃) စောချစ်သန်း။
(၄) ဗိုလ်မှူးကြီးသောင်းကြည်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။