နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၆

From Wikisource
Jump to navigation Jump to search
ရှမ်းပြည်နယ်ကောင်စီဖျက်သိမ်းခြင်းနှင့်ပြည်နယ်ဦးစီးအဖွဲ့သစ်ဖွဲ့စည်းခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ရှမ်းပြည်နယ်ကောင်စီဖျက်သိမ်းခြင်းနှင့်ပြည်နယ်ဦးစီးအဖွဲ့သစ်ဖွဲ့စည်းခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၆
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်။)

(က) ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်မွန်းတည့်အချိန်မှစ၍ ရှမ်းပြည်နယ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်းကျေညာအပ်ပါသည်။

(ခ) နိုင်ငံတော်တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အောက်ပါပုဂ္ဂိုလ်များပါဝင်သော “ရှမ်းပြည်နယ်ဦးစီးအဖွဲ့” ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်မွန်းလွဲပိုင်းအချိန်မှစ၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကျေညာအပ်ပါသည်။

အဖွဲ့ဥက္ကဋ္ဌ — ဦးထွန်းအေး (နန်းခမ်း)။

အဖွဲ့ဝင်များ

(၁) ဦးကျော်ဇော။
(၂) ဦးအုန်းဖေ။
(၃) ဦးတင်ကိုကို။
(၄) ဗိုလ်မှူးကြီး မောင်ရွှေ။

ထပ်မံဖြည့်စွက်မည့်အဖွဲ့ဝင်များကို ဆက်လက်ကျေညာမည်ဖြစ်ပါကြောင်း။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။